27 C
Yangon

မနက်ဖြန် အကြမ်းဖက် ဒုတိယသမ္မတများနှင့် သမ္မတ ရွေးချယ်ရေး အစုအဖွဲ့အစည်း အဝေးများ စတင်မည်ဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတ၊ ညိုစောနှင့်ဒွဲဘူက ဒုသမ္မတများဖြစ်ဖွယ်ရှိဟု ခန့်မှန်းထား

Must read

ရန်ကုန်၊ မတ် ၂၉

အကြမ်းဖက်စစ်တပ်က စနစ်တကျ စီစဉ်အကွက်ချထားသော သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အသီးသီးမှ ဒုတိယသမ္မတများ အဆိုပြုရမည့် အစည်းအဝေးကို မနက်ဖြန် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

လတ်တလော ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော သတင်းများအရ စစ်တပ်ကိုယ် စားလှယ်အစုအဖွဲ့က အငြိမ်းစား စစ်ဦးစီးချုပ် မင်းအောင်လှိုင်ကို ဒုတိယသမ္မတ၊ အကြမ်း ဖက် ပြည်သူ့လွှတ်တော်အစုအဖွဲ့က ညိုစောကို ဒုတိယသမ္မတ အဖြစ်လည်း ကောင်း၊ အကြမ်း ဖက် အမျိုးသားလွှတ်တော်အစုအဖွဲ့က ဒွဲဘူ သည် ဒုတိယသမ္မတ အဖြစ်လည်း ကောင်း ရွေးချယ်ကြမည်ဖြစ်သည်ဟု သိရှိရသည်။

ယင်းနောက် အကြမ်းဖက် ပြည်ထောင်စုလွှတ်တော်က မင်းအောင်လှိုင်ကို အကြမ်းဖက် သမ္မတ၊ ညိုစောကို ဒုတိယသမ္မတ ၁ နှင့် ဒွဲဘူကို ဒုတိယသမ္မတ ၂ အဖြစ် ရွေးချယ်ကြမည်ဟု သတင်းများက ကျယ်ပြန့်စွာ ခန့်မှန်းထွက်ပေါ်ခဲ့ပြီးဖြစ်သည်။

စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပအေရ ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်အစုအဖွဲ့နှင့် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့တို့မှ ဒုတိယသမ္မတလောင်း ၁ ဦးစီကို အသီးသီး ရွေးချယ်ရမည်ဖြစ်ပြီး “သမ္မတလောင်း စိစစ်ရေးအဖွဲ့” က အရည်အချင်းစိစစ်အတည်ပြုမည်ဖြစ်သည်။

ယင်းနောက် အကြမ်းဖက် ပြည်ထောင်စုလွှတ်တော်က သမ္မတလောင်းကို ရွေးချယ်ကြမည်ဖြစ်သည်။ အကြမ်းဖက် မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စစ်ဦးစီးချုပ်အဖြစ် ၁၅ နှစ်ပြည့် တာဝန်ယူခဲ့ပြီးနောက် အငြိမ်းစားယူကာ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းသော ဒုတိယသမ္မတ ဖြစ်လာမည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ပြောဆိုနေကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article