28.8 C
Yangon

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် ပြန်လည်ဆုံစည်း

Must read

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ပြီးနောက် ယနေ့ ပြန်လည် လွတ်မြောက်လာသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်သည် မိသားစုနှင့်အတူ ပြန်လည် ဆုံစည်းနေပြီဖြစ်ကြောင်း စာရေးဆရာထင်လင်ဦးက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ယနေ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ပြစ်မှုလက်ကျန်ကိုပါ ဆက် လက်ကျခံရမည်ဆိုသော စည်းကမ်းချက် သတ်မှတ်ထားကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တောင်ငူအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို အကြမး်ဖက်စစ်တပ်က ယနေ့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ၁ ဖြင့် ပြန်လည်လွှတ်ပေးခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မမှာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဆိုသော စည်းကမ်းချက်ဖြင့် ပြန်လည် လွှတ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားသတင်းများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲမည်ဆိုသော သတင်းများ ကျယ်ပြန့်စွာ ထွက် ပေါ်နေပြီး NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်အပါအဝင် ခေါင်းဆောင်များ နေပြည်တော်သို့ သွားရောက်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article