28 C
Yangon

အမျိုးသားစာပေဆုရှင် စာရေးဆရာ တင်ညွန့်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၇

NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် အမျိုးသားစာပေဆု ချီးမြှင့်ခံထားရသည့် စာရေးဆရာ တင်ညွန့်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့တွင် စာရေးဆရာတင်ညွန့်ကို ရန်ကုန်မြို့၊ သန်လျင်နေအိမ်တွင် အကြမ်းဖက်စစ်တပ်၊ ရဲများက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သန်လျင်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း၊ စာရေးဆရာ တင်ညွန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ အပါအဝင် ပုဒ်မတချို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

” “ပညာတတ် အောက်တန်းစား” ဆိုတဲ့ ဆောင်းပါးကြောင့်လား၊ သူရေးခဲ့တဲ့ စာအုပ်တွေကြောင့်လားဆိုတာတော့ အကြောင်းအရင်း ရေရေရာရာ မသိရသေးဘူး။ လာဖမ်းတာတုန်းကတော့ ဆရာ့အိမ်က ဆရာ အပါအဝင် ၂ ဦးကို ဖမ်းသွားတာ ။ အခုတော့ ဆရာတင်ညွန့်ပဲ ရဲစခန်းမှာ ဆက်ဖမ်းထားတယ်ပြောတယ်။ စာရေးဆရာတွေတော့ သွားတွေ့ဖို့ လုပ်နေကြတယ်”ဟု ရန်ကုန်မှ စာရေးဆရာအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စာရေးဆရာ တင်ညွန့်သည် ၂၀၁၇ ခုနှစ် “အမျိုးသားစာပေဆု” ကို “ကျောင်းဆရာမှတ်တမ်း” စာအုပ်ဖြင့် “စာပ ဒေသာ ဆု” ရရှိခဲ့သော စာရေးဆရာတစ်ဦးဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိသော စာရေးဆရာတစ်ဦးလည်းဖြစ်သည်။

စာရေးဆရာတင်ညွန့်သည် အသက် ၇၁ နှစ်ရှိနေပြီဖြစ်ပြီး ဘ၀တစ်လျှောက်လုံး ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် ပညာရေးဌာန၌ မူလတန်းပြဆရာအဖြစ် စတင်အမှုထမ်းခဲပြီး ၊အလယ်တန်းပြကျောင်းဆရာ၊ အထက်တန်းပြ ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့ကာ ၂၀၀၁ ခုနှစ်တွင် ကျောင်းဆရာအဖြစ်မှ အငြိမ်းစားယူခဲ့သည်။

ယင်းနောက် စာပေလောကတွင် ကျင်လည်ပြီး ကွန်ပျူတာဂျာနယ်၊ ကြီးပွားရေးမဂ္ဂဇင်း၊ မျက်မှောက်ရေးရာ မဂ္ဂဇင်း၊ Personal Computer မဂ္ဂဇင်း၊ Itizen နည်းပညာဂျာနယ်၊ The Voice တို့တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် “လူငယ်နှင့်အတွေးအမြင်” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်သော လူငယ်စာပေဆုကိုရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်ဖြင့် သုတစွယ်စုံ နိုင်ငံရေးစာပေဆုများကို ရရှိခဲ့သည်။

ကျော်ဗလ၊ မောင်ခေတ်စသည့် ကလောင်ခွဲများဖြင့်လည်း စာရေးခဲ့ပြီး စာအုပ်ပေါင်း ၅၀ ကျော်ရေးသားခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article