26 C
Yangon

ကော့ကရိတ်မြို့နယ်၊ အံဖကြီးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် နံနက် ၉ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ အံဖကြီးရွာ ဖန်းခါးကုန်းကို ဒရုန်း ၁ စီးဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၁ လုံးကို ဗုံးထိမှန်ခဲ့ပြီး ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ၁၅ နှစ် အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၄၀ နှစ်အရွယ် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကလေးငယ် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း သိရှိရသည်။

“ကော့ကရိတ်တောင်ပိုင်းမှာ စစ်ခွေးတွေက ဒရုန်းတွေနဲ့ နေ့တိုင်းနီးပါးကို ရွာတွေထဲ ကျဲချ တိုက်ခိုက်နေတာ မနေ့ကတော့ အံဖကြီးရွာထဲကို ဒရုန်းဗုံး ၃ လုံးကျတာ နေအိမ် ၁ လုံးကို ဗုံးထိမှန်ပြီး ကလေးငယ်တွေ အပါအဝင် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article