26 C
Yangon

မြင်းခြံမြို့မှ ထွက်လာသည့် စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု အရာရှိ အပါအဝင် စစ်သားနှင့် ပျူစောထီး ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၂၆

မန္တလေးတိုင်း၊ မြင်းခြံမြို့မှ ထွက်လာသည့် စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု အရာရှိ အပါအဝင် စစ်သားနှင့် ပျူစောထီး ၁၂ ဦးသေဆုံးပြီးလက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ် ရင်း မှ ကိုဝမ်းတူး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၄ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်က မြင်းခြံမြို့ပေါ်မှ မြင်းခြံ-တောင်သာလမ်း အ တိုင်းထွက်လာသည့် စစ်သား၊ ပျူစောထီးများ အင်အား ၂၀ ခန့် လိုက်ပါလာသော 4 Wheel ကား တစ်စီးနှင့် Super Custom ကားတစီးတို့ကို တော်လှန်ရေးတပ်ဖွဲဝင်များ မြင်းခြံမြို့အနီး၌ပင် အလစ် အငိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ Super Custom ကားကို လမ်းဘေးထိုးကျသွားပြီး စီးနင်းသိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

ကျန် 4 Wheel ကားမှာ တိုက်ခိုက်ခံရသော်လည်း မြင်းခြံမြို့အတွင်းသို့ ပြန်လည်မောင်းနှင်ထွက်ပြေး သွားသဖြင့် စီးနင်းသိမ်းဆည်းရရှိသော ကားပေါ်တွင် သေဆုံးနေသည့် စစ်သား၊ ပျူ ၄ ဦးထံမှ MA1 အမျိုးအစား သေနတ် ၁ လက်၊ PA အမျိုးအစား သေနတ် ၁ လက်၊ M22 အမျိုးအစား သေနတ် ၁ လက်၊ ကာဘိုင် အမျိုးအစား သေနတ် ၁ လက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းကာ ပြန် လည်ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဆုတ်ခွာလာပြီးနောက် စစ်တပ်ဘက်မှ ဒရုန်းကား၊ စစ်ကူကားများဖြင့် ရောက်ရှိလာ ခဲ့သောကြောင့် လည်းကောင်း၊ မြို့နှင့်နီးကပ်နေသဖြင့် အချိန်မရရှိသောကြောင့်လည်းကောင်း Super Custom ကားကို သိမ်းဆည်းနိုင်ခဲ့မရှိ စွန့်ပစ်ထားခဲ့ရကြောင်း ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာများ ဖြင့် ဆုတ်ခွာထွက်ပြေးသူများအနက် မြင်းခြံဆေးရုံအရောက် ထပ်မံသေဆုံးသွားကြောင့် အရာရှိ ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံးမှုရှိပြီး ကျန်ထိခိုက်ဒဏ်ရရှိ သူများမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် မသန် စွမ်းဘဝသို့ ရောက်ရှိသွားနိုင်ကြောင်း သိရသည်။

“မျက်မြင် ၄လောင်းပါ။ မောင်းပြေးတဲ့ကားပေါ် ၈ဉီးထပ်မံသေဆုံးတယ်။ ကားက လာတာနှစ်စီးပေါ့။ တစီးက ကားသမားမှန်တော့ ရပ်သွားတယ်။နောက်တစီး နောက်ပြန် မောင်းပြေးသွားတယ်။ မျက် မြင် ၄ လောင်းနှင့် ထပ်တိုးသေဆုံးတာ ၈ ဦး သေဆုံးပြီး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့တာပါ။ ကျွန်တော် တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း မှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ ခရိုင် အမှတ် ၇ တပ်ရင်း -Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ၊ မြင်းခြံ ခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံမြို့နယ် တိုက်နယ် ပကဖ ၂ နှင့် နွား ထိုးကြီးမြို့နယ် တိုက်နယ် ၂ ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article