28 C
Yangon

အုတ်ဖိုမြို့နယ်တွင် နေပြည်တော်တပ်ရင်း ၁၇ မှ ရဲကွန်မန်ဒို မင်းမင်းထွန်း အပါအဝင် ရဲ ၂ ဦးကို လက်နက်များနှင့် အတူ အရှင်ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ ဇွန် ၂

ပဲခူးတိုင်း၊ အုတ်ဖိုတွင် ရဲကွန်မန်ဒို မင်းမင်းထွန်း အပါအဝင် ရဲ ၂ ဦးကို လက် နက်များနှင့် အတူ အရှင်ဖမ်းဆီးရမိပြီး ၁ ဦးမှာ ပေါ်တာဆွဲ ဖမ်းဆီးထားရသူဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းခွကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းထံသို့ ရိက္ခာလာပို့သည့် နေပြည်တော် တပ်ရင်း ၁၇ မှ ရဲကွန်မန်ဒို မင်းမင်းထွန်းကို သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၄ မှ ရဲဘော်များက ချောင်းခွရွာအနီး လက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၂ဝ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ သရက်တောကျေးရွာမှ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် ကိုငပိုင် (ခ) ကိုအောင်ပိုင်စိုးကိုလည်း ချောင်းခွရွာ အနီး၌ပင် ပြန်လည် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

“ချောင်းခွရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေဆီကို ရိက္ခာလာရောက်ပို့ဆောင်တဲ့ နေပြည်တော်တပ်ရင်း ၁၇ က ရဲကွန်မန်ဒို မင်းမင်းထွန်းကို လက်နက်ခဲယမ်းနဲ့ အတူ အရှင်ဖမ်းဆီးမိတာပါ။ အဲ့ကောင်က စစ်ကိုင်း အမှတ် ၃ ကွန်မန်ဒိုသင်တန်း ၆ လတက်ပြီး ဆင်းထားတဲ့ကောင်ပါ။ ဓာတ်ပုံထဲက ကျန်တဲ့ တစ်ဦးက သရက်တောကျေးရွာက ကိုအောင်ပိုင်စိုးပါ ကျနော်တို့ သေချာ စစ်ဆေးတော့မှ ပေါ်တာဆွဲ ဖမ်းဆီးခံရမှန်းသိတာပါ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။

တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄ အနေဖြင့် ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ကယ်တင်နိုင်ခဲ့သော ပြည်သူကို လိုအပ်သော စစ်ဆေးမေးမြန်းမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article