26.3 C
Yangon

အိန္ဒိယပြန် အကြမ်းဖက် မင်းအောင်လှိုင်ကို စည်စည်ကားကား သောင်းသောင်း ဖြဖြ ကြိုဆိုကြရန် လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးနှင့် အနုပညာ အသင်းအဖွဲ့များကို စစ်တပ်က နေပြည်တော် ဆင့်ခေါ်

Must read

ရန်ကုန်၊ ဇွန် ၂

အိန္ဒိယနိုင်ငံမှ ပန်လာတော့မည့် အကြမ်းဖက်မင်းအောင်လှိုင်ကို စည်စည်ကားကား သောင်း သောင်းဖြဖြ ကြိုဆိုကြရန် လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးနှင့် အနုပညာဖျော်ဖြေရေး အသင်းအဖွဲ့များကို စစ်တပ်က နေပြည်တော်သို့ ဆင့် ခေါ်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတ အမည်ခံ၍ ပထဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ၅ ရက်ကြာသွားရောက်နေခြင်းဖြစ်ပြီး ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက် မင်းအောင်လှိုင်၏ အိမ်ပြန်ခရီးကို အိုးစည်ဘုံမောင်းများ အပါအဝင် ဖျော်ဖြေရေးများ၊ နေပြည်တော်လေဆိပ်မှ အထွက် လမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြရန်အတွက် အသင်းအဖွဲ့များကို ဖိတ်ခေါ်ထားကြောင်း၊ ယင်းအပြင် ဝန်ကြီးဌာနများမှ ဝန် ထမ်းများကလည်း ကြိုဆိုရေးအဖွဲ့များဖြင့် ကြိုဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။

“ပထမဆုံး ပြည်ပခရီးစဉ်မို့ စည်စည်ကားကား ကြိုဆိုဖို့ ဒီနေ့ အသင်းအဖွဲ့တွေ အကုန်လုံးကို အကြောင်း ကြားတယ်။ ဌာနဆိုင်ရာတွေလည်းပါမယ်။ ဖျော်ဖြေရေးတွေလည်းပါမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်း ဖက် မင်းအောင်လှိုင်သည် ပြည်ပ ခရီးများ သွားရောက်ပြီးတိုင်း အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်း သူများကို အတင်းအကျပ် နေပြည်တော်သို့ ခေါ်ယူကာ ကြိုဆိုပွဲများ အဓမ္မ လုပ်ဆောင်ခိုင်းလေ့ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article