25.2 C
Yangon

ပေါင်းတလည်မြို့တွင် ပျူစောထီးခေါင်းဆောင် လှမြင့်နေရာကို ဆက်ခံထားသည့် သားဖြစ်သူ ပျူစောထီး စိုင်းသီဟကို PDF တပ်က အရှင်ဖမ်းမိ သော်လည်း ပြန်လည်ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၆

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် ပျူစောထီးခေါင်းဆောင် လှမြင့်နေရာကို ဆက်ခံထားသည့် သားဖြစ်သူ ပျူစောထီး စိုင်းသီဟကို အရှင်ဖမ်းမိ သော်လည်း ပြန်လည် ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့တွင် ပြည်မြို့နယ် ပေါင်းတလည်အပိုင် ခွေးရဲရွာမအုပ်စု ချဉ့်ရုတ်ကုန်းရွာတွင် နေထိုင်သော ပျူစောထီးခေါင်းဆောင် စိုင်းသီဟ (ခ) ချိုကြီးသည် ပေါင်းတလည်မြို့ရဲစခန်းမှ ချဉ်ရုတ်ကုန်းရွာသို့ ပြန်လာစဉ် ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁) တပ်ခွဲ (၃) ရဲဘော်များနှင့် ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) ရဲဘော်များက သွားရောက်စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးစဉ် ပျူစောထီးခေါင်းဆောင် စိုင်းသီဟ (ခ) ချိုကြီးကို အရှင်ဖမ်းမိခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် စခန်းသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာစဉ် ဆိုင်ကယ်ကိုဆွဲလဲပြီး သေနတ်လုယူ ထွက်ပြေးရန် ပြုလုပ်ခြင်းကြောင့် လမ်းခရီးတဝက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော စိုင်းသီဟ (ခ) ချိုကြီးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို Facebook ပေါ်မှ စိန်ခေါ်ခြင်း စစ်တပ်နှင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ပေါင်းတလည် ကျောင်းကြီးမြို့ အဝင် စစ်တပ် စစ်ဆေးဂိတ်တွင် တာဝန်ထမ်းဆောင်ခြင်း၊ ၂ လုံး ၃ လုံး လောင်းကစား ဒိုင်များကို လိုင်းကြေးကောက်ကာ စစ်တပ်ကိုထောက်ပံ့ခြင်းများ ပြုလုပ်နေသူ ဖြစ်ပြီး ပျူစောထီးသင်တန်း အပတ်စဉ် ၁ ကို ခလရ ၇၅ တပ်ရင်း ပြည် ဒကစ တွင်တက်ရောက်ထားသူဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ပေးအပ်ထားသည့် လစာငွေကျပ် ၂၇၀၀၀၀ နှင့် ဆန် ၈ ပြည် ဆီ ၅၀ သားကို ရရှိသူလည်းဖြစ်ကြောင်း သိရသည်။

“လှမြင့်ရဲ့သားပါ အဲ့ကောင်တွေ သားအဖ ၂ ကောင်လုံးက ပျူစောထီးသင်တန်း အပတ်စဉ် ၁ ဆင်းတွေကြီးပဲ သူ့အဖေကို တိုက်ခိုက်ပြီးလို့ သူ့သားက ငြိမ်မလားဆိုပြီး ကျနော်တို့ စောင့်ကြည့်နေတာ အဲကောင်က သူ့အဖေထက် ပိုဆိုးလာလို့ ကျနော်တို့ တိုက်ခိုက်ခဲ့တာပါ” ဟု ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရှင်းပြသည်။

စိုင်းသီဟ၏ ဖခင်ဖြစ်သူ ပျူစောထီးခေါင်းဆောင် လှမြင့်ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပေါင်းတလည်မြို့အပိုင် ဝန်တင်ဆိပ်ကျေးရွာအနီးတွင် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ တောလှန်ရေးရဲဘော်များက အရှင်ဖမ်းဆီးရမိခဲ့သည်။ သို့သော်လည်း စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် လမ်းခုလတ်၌ ပြန်လည်ခုခံထွက်ပြေးသဖြင့် ရဲဘော်များက လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article