26.4 C
Yangon

စစ်တပ်က “လူငယ်” များ၏ အနာဂတ်နှင့် အိပ်မက်အားလုံးကို ဖျက်ဆီးရုံသာမက တိုင်းရင်းသားအချင်း ချင်း သွေးထိုး လှုံ့ဆော် ကျွန်ပြုရန်ကြိုးပမ်းနေဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF သတိပေး

Must read

ရန်ကုန်၊ ဇွန် ၁၂

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က “လူငယ်” များ၏ အနာဂတ်နှင့် အိပ်မက်အားလုံးကို ဖျက် ဆီးရုံသာမက တိုင်းရင်းသားအချင်းချင်း သွေးထိုး လှုံ့ဆော် ကျွန်ပြုရန်ကြိုးပမ်းနေဟု ပအိုဝ်းအမျိုး သား ကာကွယ်ရေး တပ် PNDFက သတိပေးလိုက်သည်။

ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ကျရောက်သော ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ လက်ရှိ အမှတ် ၁၀၁၁ တပ်ရင်းကို (ကယား) ကရင်နီ၌ ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ် ပြည့်မြောက် သော အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း အသိပေးထားခြင်းဖြစ် သည်။

နွေဦးတော်လှန်ရေး၏ အဓိကမောင်းနှင်အားနှင့် အနာဂါတ်၏ပဲ့ကိုင်ရှင်သည် “လူငယ်” များပင်ဖြစ်ပြီး စစ် အာဏာရှင်သည် “လူငယ်”များ၏ အနာဂါတ်နှင့် အိပ်မက်အားလုံးကိုဖျက်ဆီးရုံသာမက တိုင်း ရင်းသား အချင်းချင်းကြား သွေးထိုးလှုံ့ဆော်၍ အမျိုးသားထုတစ်ရပ်လုံးကို ကျွန်ပြုရန် ကြိုးပမ်းနေကြောင်း၊ ပအိုင်းလူငယ်များနှင့် တိုင်းရင်းသားလူငယ်များအနေဖြင့် သမိုင်းကပေးအပ်လာသော တာ ဝန်ကို ပခုံး ထမ်းပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတိုက်ပွဲတွင် မိမိတို့တတ်စွမ်းသည့် ကဏ္ဍအသီး သီးမှ ခွန် အားစိုက်ထုတ်ကာ တွန်းလှန်ပါဝင်ပေးကြပါရန် အိုဝ်းအမျိုးသား ကာကွယ်ရေး တပ် PNDF ကတိုက်တွန်းနှိုးဆော်ထားသည်။

ထို့အပြင် စစ်အာဏာရှင် တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခက် အခဲများနှင့် စိန်ခေါ်မှုများကိုသင် ခန်းစာယူပြီး ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ အမှတ် ၁၀၁၁ တပ်ရင်းအနေဖြင့် လူမျိုး တစ်မျိုးတည်း၏အရေးကို ရှေးရှုခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ ပြည် သူလူထုတစ်ရပ်လုံး၏ လွတ်မြောက်ရေး။တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် ရည်မှန်း ချက်ထားကာ တော်လှန်ရေးအင်အားစု မဟာမိတ်များနှင့်အတူ စစ်အာဏာ ရှင်စနစ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို အပြီးသတ်ချုပ်ငြိမ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အိုဝ်းအမျိုးသား ကာကွယ်ရေး တပ် PNDFက ကတိ သစ္စာပြုသည်။

၄ နှစ်တာကာလမှ ယနေ့ထိတိုင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရှိ ရဲဘော်များသည် စစ်အာ ဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေး၊ပြည်သူလူထု၏ အခြေခံအခွင့်အရေးများ ပြန် လည်ရရှိရေး၊ တရားမျှတမှုနှင့် လွတ်လပ်မှုတို့အတွက် အခက်အခဲမျိုးစုံကြားမှ ရဲရင့်စွာ ရပ် တည်တိုက်ပွဲဝင်ခဲ့ကြကြောင်း အိုဝ်းအမျိုးသား ကာကွယ်ရေး တပ် PNDFက အသိပေးကြေညာထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article