26.9 C
Yangon

အကြမ်းဖက် စစ်တပ်ကိုယ်စားလှယ်အဖွဲ့နှင့် UWSA “၀” တပ်ဖွဲ့တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံ

Must read

ရန်ကုန်၊ ဇွန် ၁၉

အကြမ်းဖက် စစ်တပ်မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် UWSA “၀” တပ်ဖွဲ့တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံကြောင်း UWSA က သတင်းထုတ် ပြန် သည်။

ဇွန်လ ၁၈ ရက်နေ့ “၀” ပြည်နယ်၊ ပန်ဆန်းမြို့တွင် အကြမ်းဖက်စစ်တပ်၏ ငြိမ်းချမ်းရေးအဖွဲ့ အမည်ခံထားသော NSPNC နှင့် UWSA ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။

UWSA ဘက်မှ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ ဦးကျောက်ကော်အန်း၊ ဒုတိ ယ အထွေထွေအတွင်းရေးမှူး ပေါက်အိုင်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အကြမ်း ဖက်စစ်တပ်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး မင်းနိုင်၊ ခင်ဇော်ဦး၊ အေးဝင်း တို့ ဦး ဆောင် တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် UWSA ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဝပြည်သည်ပြည်ထောင်စု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးကို အစဉ်တစိုက် ခိုင်မာစွာ ကာကွယ်ထိန်း သိမ်းလျက်ရှိကြောင်း၊ ကာလရှည်ကြာစွာပင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ရပ်တည်ခဲ့ပြီး နိုင်ငံတော်တွင် ရေရှည်ငြိမ်းချမ်းတည်ငြိမ်မှုရရှိရန် အစဉ်မျှော် လင့်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းရေး ဆွေးနွေးရန်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို လိုက်လံတွေ့ဆုံနေခြင်းဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် ၅ နှစ်အတွင်း ငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article