24.9 C
Yangon

ထိုင်း၊ ပြင်သစ်၊ နယ်သာလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဖင်လန်နှင့် စင်ကာပူနိုင်ငံတို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၁၉

ထိုင်းနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဖင်လန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်ပရောက် မြန်မာပြည်သူများက နှင်းဆီလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုတောင်းရင်း နှင်းဆီပန်းကမ်ပိန်း ကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် မဲဆောက်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်နှင့် နောင်ဘွားရှိ Ok ထမင်းဆိုင် တို့တွင်လည်း ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မွေးနေ့အထိမ်းအမှတ်အဖြစ် လာရောက်သူ ပြည်သူများကို အကျွေးအမွေးဧည့်မည် ဖြစ်ခံကြောင်း သိရှိရသည်။

အလားတူ ဥရောပနိုင်ငံများဖြစ်သည့် ပြင်သစ်နိုင်ငံ ပါရီမြို့ (Paris) နှင့် လိုင်းယွန်မြို့ (Lyon)၊ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ (Amsterdam)၊ ဂျာမနီနိုင်ငံ ဘာလင်မြို့ (Berlin)၊ ဘယ်လ်ဂျီယံနိုင်ငံ အန့်တွပ်မြို့ (Antwerp)၊ ဆွစ်ဇာလန်နိုင်ငံ လိုကာနိုမြို့ (Locarno)၊ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့ (Helsinki)နှင့် စင်ကာပူနိုင်ငံ တို့တွင် ပြည်ပရောက် မြန်မာပြည်သူများက ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် ရည်ရွယ်ကာ နှင်းဆီလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article