ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် နှင်းဆီ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါလှုပ်ရှားမှုကို ဘုတလင်မြို့နယ် ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းနှင့် ဘုတလင်မြို့နယ်အတွင်းကျေးရွာတစ်ရွာမှ ပြည်သူများ ကျောင်းသားကျောင်း သူများနှင့် ပူးပေါင်း၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ပြီး ” ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဥ်းသားများချက်ချင်းလွှတ် ” စာသားပါ ဘန်နာကိုင်ဆောင်၍ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
အလားတူ ဇွန်လ ၁၉ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်း၊ ပြည်ပများတွင် ကျင်းပပြုလုပ်လျက်ရှိသော ‘နှင်းဆီလှုပ်ရှားမှု’ ကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်များမှလည်း ပါဝင်လှုပ်ရှားခဲ့ကြကြောင်းသိရှိရသည်။
ထိုပြင် ဇွန်လ ၁၉ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အမေစုကျန်းမာပါစေ အမေစုသက်တော်ရာကျော်ရှည်ပါစေ အမေစုအမြန်ဆုံးလွတ်မြောက်ပါစေအဖြစ် ADin Hmue-Dawei အဖွဲ့က ရဲဘော်များက ဆုတောင်းခဲ့ကြောင်းကြသိရှိရသည်။






