ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ပဲခူးတိုင်း၊ ပြည်မြို့နယ်တို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်သူများအပါအဝင် ပြည်သူများက အာရုဏ်ဆွမ်းကပ်လှူခြင်း၊ မွေးနေ့ဆုမွန်ကောင်းတောင်းခြင်းနှင့် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မော်လိုက်မြို့နယ် တစ်နေရာတွင် မော်လိုက်မြို့နယ်ကောင်စီမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်သူများအပါအဝင် ပြည်သူများက နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ရွှေဘိုမြို့နယ်တစ်နေရာတွင်လည်း ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေဘိုမြို့နယ်ရှိ ကျောင်သား၊ ကျောင်းသူများနှင့် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကာ ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခြင်းနှင့် နှင့်ဆီလှုပ်ရှားမှုကို အင်တိုက်အားတိုက် ပါဝင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပြည်မြို့နယ်တွင်လည်း ယနေ့ ဇွန်လ ၁၉ နေ့တွင် ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများက ဒေသအတွင်းရှိ ဘုန်ကြီးကျောင်းကို အာရုဏ်ဆွမ်းကပ်လှူခြင်းနှင့် နှင်းဆီလှုပ်ရှားမှူများပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။






