ရန်ကုန်၊ ဇွန် ၁၉
မန္တလေးတိုင်း၊ နေပြည်တော်နှင့် ယင်းမာပင်မြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များ ဦးဆောင်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုများကို ဒေသတော်လှန်ရေး တပ်ဖွဲ့များဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)၊ နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ အမှတ် ၁၈ နှင့် ယင်းမာပင်ခရိုင် ၊ အမှတ် ၁၁ တပ်ရင်း ကျားသစ်နက်တပ်မတော် (BLPA) တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။






