26.9 C
Yangon

ဘန်ကောက်မြို့ရှိ မြန်မာစစ်ကောင်စီ လက်အောက်ခံ သံရုံးရှေ့တွင် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့သော်လည်း အားလုံးပြန်လည်လွတ်မြောက်

Must read

ရန်ကုန်၊ ဇွန် ၁၉

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာစစ်ကောင်စီလက်အောက်ခံ သံရုံးရှေ့တွင် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့သော်လည်း အားလုံးပြန်လည်လွတ်မြောက်လာခဲ့ ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ကိုပီတာက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၉ ရက်နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ မြန်မာစစ်ကောင်စီလက်အောက်ခံ သံရုံးရှေ့ ၌ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘေးကင်းကျန်းမာပြီး မတရား ဖမ်းဆီးချုပ်နှောင်ခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်၍ ကိုနေရိုင်း (မရှိ ခဏမုဆိုး) နှင့် စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ ရဲဘော်များ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ် မြတ်နိုးသူ သား၊ သမီးအချို့က နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှုပ်ရှားမှုပြုလုပ်သည်ကို ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပြီး ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ သဖြင့် ခေါ်ယူစစ်ဆေးခံရသူ အားလုံးပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဖမ်း ဆီးခံရပါက ယခုအချိန်တွင် အသက်ပင်ရှိတော့မည်မဟုတ်ကြောင်း စမ်းချေင်းပင်မ သပိတ်စစ် ကြောင်း အသိပေးထားသည်။

“မလေးရှားနိုင်ငံ မရှိခဏ ထောက်ပို့အဖွဲ့က ကိုနေရိုင်းပါတယ်။ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း က ကျနော်ပါတယ်။ပြီးတော့ အမေစုသားသမီးတချို့ပေါ့၊ ပြည်သူတွေပါကြတယ်။ အဲဒီမှာဆိုရင်သက် ဆိုင်ရာ အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးတဲ့ကိစ္စတွေရှိတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာဖြစ်နေတဲ့အ တွက်ကြောင့် သူတို့က တရားဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်တဲ့အခါမှာ ခေတ္တ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ကိုနေရိုင်းအပါအဝင် အားလုံးပြန်လွတ်လာတယ်။ ၂ နာရီ လောက်က တော့ သက်ဆိုင်ရာ စခန်းတစ်ခုမှာ ထိုင်ပြီးတော့ နေလိုက်ရတဲ့အနေအထားဖြစ်သွားတယ်။ အေး အေးဆေး ဆေးပဲ။ စကားတွေပြောပြီးတော့ ပြန်လွှတ်တယ်၊ ကိုနေရိုင်းကြီးဆိုရင် စခန်းထဲမှာရှိတဲ့ သူတွေကို အမေစုမွေးနေ့ အထိမ်းအမှတ် နှင်းဆီပန်းပေးတာတို့၊ အမေစုရုပ်ပုံပါတဲ့ အင်္ကျီ မှာ လက် မှတ်ထိုးခိုင်းတာတို့ တောင်းဆိုတဲ့အခါမှာ အရာရှိတွေကလည်း ကြည်ကြည်ဖြူဖြူပဲ လုပ်ပေးလိုက် တယ်။ ဒါက ဘာပဲဖြစ်ဖြစ် မြန်မာပြည်သူတွေတင်မကဘူး။ နိုင်ငံတကာမှာရှိတဲ့ ပြည်သူ တွေပဲဖြစ် ဖြစ် အရာရှိတွေပဲဖြစ်ဖြစ် အမေစုကို ချစ်ကြတယ်၊ ခင်ကြတယ်၊ လေးစားကြတယ်ဆိုတာ ပေါ်လွင် သွားတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ကိုပီတာက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ယခုလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သက်ရှိ ထင်ရှား ကျန်းမာစွာရှိကြောင်း သက်သေခိုင်လုံစွာပြသပေးရန် နှင့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရန် ပြည်သူလူထု တစ် ရပ်လုံး ကိုယ်စား တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ အခြေစိုက် မရှိခဏ ထောက်ပို့အဖွဲ့မှ ကိုနေရိုင်းသည် မေလ ၃၁ ရက်နေ့ကလည်း အ ဆိုပါ စစ်ကောင်စီလက်အောက်ခံ သံရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှား တွင် ပါဝင်ခဲ့သူဖြစ်ပြီး မလေးရှားနိုင်ငံ၊ မြန်မာသံရုံး ရှေ့ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေး နေ့ အထိမ်း အမှတ်အဖြစ် တကိုယ်တော် နှင်းဆီလှုပ် ရှားမှုပြုလုပ်ခဲသူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article