26.9 C
Yangon

ကျောက်ဆည်တွင် စစ်တပ်နှင့် ပူးပေါင်းသွားသည့် ပကဖ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို ဖမ်းမိ၊ သူ၏ သတင်းပေးမှုကြောင့် တော်လှန်ရေးတပ် စခန်းများ စွန့်ခွာရပြီး နယ်မြေအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရ

Must read

ရန်ကုန်၊ ဇွန် ၂၂

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းသွားသည့် ပကဖ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး သူ၏ သတင်းပေးမှုကြောင့် တော်လှန်ရေးတပ် စခန်းများ စွန့်ခွာရပြီး နယ်မြေအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန်လ ၁၆ ရက်နေ့တွင် ကျောက်ဆည်မြို့နယ် သပြေသာကျေးရွာတောင်ဘက်တွင် စစ်ကောင်စီနှင့် ပြန်လည်ပူးပေါင်းသွားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်ဆီးရရှိသော ပကဖ ရဲဘော်ဟောင်းမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်တပ်မှ ထွက် ပြေးလာပြီး လားရှိုးမြို့သို့ ရောက်ရှိစဉ် မိသားစုမှတဆင့် စဉ့်ကိုင်မြို့နယ် ပကဖထံသို့ ဆက်သွယ်ကာ အလင်းဝင်လိုကြောင်း ပြောဆိုခဲ့သဖြင့် ပကဖအဖွဲ့က ဒေသခံများ၏ အကူအညီဖြင့် တစ်လကျော်ကြာ ကြိုးပမ်းကာ ခေါ်ယူကယ်ထုတ်ခဲ့ရသူဖြစ်ကြောင်း သိရသည်။

ထို့နောက် ၎င်းအား စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖွင့်လှစ်သည့် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃ တွင် တစ်လကြာ သင်တန်းပေးခဲ့ပြီးနောက် တပ်ဖွဲ့အတွင်း တာဝန်ထမ်းဆောင်စေခဲ့ကြောင်း၊ သို့သော် တာဝန်ထမ်းဆောင်နေစဉ် ၁၀ လခန့်အကြာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ညတွင် စစ်ကောင်စီတပ်နှင့် ပြန်လည်ချိတ်ဆက်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ပကဖ တာဝန်ရှိသူ၏ ပြောကြားချက်အရ စစ်တပ်နှင့် ပြန်လည် ပူးပေါင်းသွားပြီးနောက် အဆိုပါ ပကဖ ရဲဘော်ဟောင်း၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က ဒရုန်းနှင့် ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် PDF ရဲဘော်များသည် ညတွင်းချင်း စခန်းစွန့်ခွာထွက်ပြေးခဲ့ရကာ နယ်မြေအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်းပကဖအဖွဲ့ဝင်ဟောင်းကို ဇွန်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးရရှိချိန်၌ လက်နက်ခဲယမ်းများ ပါဝင်မှုမရှိဘဲ ၎င်းကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီထံသို့ ချိတ်ဆက်ကာ ထွက်ပြေးသွားသည့် ပဖက အခြားရဲဘော်အချို့လည်းရှိနေပြီး ၎င်းတို့ကိုလည်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် ပကဖက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article