25.6 C
Yangon

မင်းတပ်မြို့နယ်နှင့်ညောင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက် ခိုက်မှု အသက် ၇နှစ်မှ ၁၀ နှစ်အရွယ်ကြားရှိ မိန်း ကလေး ၃ ဦး သေဆုံးပြီး အသက် ၆ နှစ်မှ ၁၃ နှစ် အရွယ်ကြားရှိ ညီအမ ၃ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၂၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၇နှစ်မှ ၁၀ နှစ်အရွယ်ကြားရှိ မိန်း ကလေး ၃ ဦး သေဆုံးပြီး အသက် ၆ နှစ်မှ ၁၃ နှစ်အရွယ်ကြားရှိ ညီအမ ၃ ဦးအပါအဝင် ၄ ဦး ဒဏ် ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့် ညောင်ဦးခရိုင်ပကဖတို့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၂၉ ရက် နံနက် အစောပိုင်း ၅ နာရီခန့် မင်းတပ်မြို့နယ်၊ မင်းတပ်မြို့အနီးရှိ ကျေးရွာ တစ်ရွာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ်၊ ၅ နာရီ ၂၅ မိနစ် တွင် တစ်ကြိမ် မင်းတပ်မြို့အနီးတနေရာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ၂ ကြိမ်၊ ဗုံး ၄ လုံးကျဲချခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်၊ ၈ နှစ်၊ ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“ကလေးတွေသေတာက မနက်က ဗုံးကျဲသွားတဲ့အကြိမ်မှာ သေတာပါ။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အလားတူ ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေး ငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ညောင်ဦးခရိုင်ပကဖ မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲ၌ တပ်စွဲထားသော စစ် ကောင်စီတပ်က ချောင်းဝကျေးရွာ၊ ငါ့လင်းပုတ်ကျေးရွာ၊ ချောင်းရှည်ကျေးရွာတို့ဘက်သို့ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ်၊ ၈ နှစ်၊ ၁၃ နှစ်အရွယ် ညီအမ ၃ ဦးနှင့်အသက် ၄၁ နှစ် အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ချောင်းဝအနောက်မြောက်ဘက်မှာ ကျတဲ့ လက်နက်ကြီးက ကလေးတွေကို ထိတာ၊ ကလေးတွေ ကျောင်းဆင်းလာတဲ့ အချိန်ပစ်ခံရပြီး ထိတာ။” ဟု ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူက ရန် ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် များ လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားပြီး လေယာဉ်လာပါက ပုန်းခိုနေ ထိုင်ပေးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article