24.9 C
Yangon

ဖောင်းပြင်တွင် တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၄ ဦး အလင်းဝင်၊ ရခိုင်တွင်လည်း အရာရှိများ အပါအဝင် စစ်သား ၁၁၇ ဦး AA ထံ လက်နက်ချ

Must read

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် စစ်သား ၄ ဦး အလင်းဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် အရာရှိများ အပါအဝင် စစ်သား ၁၁၇ ဦး အာရက္ခတပ်တော်ထံ လက်နက်ချခဲ့ကြောင်း မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်း နှင့် ပြည်သူ့ပန်းတိုင်အဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင်လ ၅ ရက်နေ့နှင့် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တို့တွင် ဖောင်းပြင်မြို့နယ် အခြေစိုက် မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းနှင့် စစ်တပ်တို့ အကြား စစ်ဆိုင်ထားသည့် ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိနေသည့် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် စစ်မှုထမ်းတပ်သား ၃ ဦးတို့သည် စစ်ကောင်စီတပ်အတွင်းမှ ထွက်ပြေးလာပြီး မော်လိုက်ခရိုင်အမှတ် ၃ တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကို မော်လိုက်ခရိုင်အမှတ် ၃ တပ်ရင်းက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး နေအိမ်ပြန်လိုသူများကို နေအိမ်သို့ ပြန်လည်နိုင်ရေး၊ အလုပ်လုပ်ကိုင်လိုသူ များကို အလုပ်အကိုင်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ တပ်ထဲမှာက မိဘသေတာတောင် ပြန်ခွင့်မပေးဘူး၊ မတရားဖိနှိပ်မှုတွေရှိတယ်။ ပြီးတော့ တပ် ထဲမှာက PDF တွေဘက် ပူး ပေါင်းရင် လည်လှီးသတ်ပစ်မယ်၊ ထမင်းထဲအဆိပ်ခတ်သတ်မယ်။ ပြီး ရင် သေနတ်နဲ့ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ အထဲမှာနေကြတဲ့ သူတွေအနေနဲ့ ပြေးချင် တယ်ဆိုရင် ကျနော့်လိုမျိုး ပြေးလို့ရတယ်လို့ ပြောချင်ပါတယ်” ဟု စစ်ကောင်စီတပ်မှ PDF တပ်ဖွဲ့ထံ အလင်းဝင်ခဲ့သည့် ဒုတပ်ကြပ်တစ်ဦးက ပြောဆိုထားသည်။

ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သား၊ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၅ ဦး ရှိခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၁၂၀ ဦးရှိ ရာ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံရသည့် အရာရှိအပါအဝင် စစ်သား ၁၁၇ ဦးပါ စစ်ကြောင်းတစ်ခုလုံး အာရက္ခတပ်တော်ထံ လက်နက်ချသွားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လကုန်အထိ အလင်းဝင်ပူးပေါင်းသူနှင့် လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စစ်သား စုစုပေါင်း ၃၆၇၈ ဦးရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article