24.8 C
Yangon

သွင်းကုန်လိုင်စင်မရှိဘဲ ကုန်ပစ္စည်းတင်သွင်းလျှင် ကုန်တန်ဖိုး၏ ၃ ဆအထိ ဒဏ်ရိုက်ပြီး ပစ္စည်းသိမ်းမည့်အပြင် ထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်သော ဥပဒေပုဒ်မဖြင့် တရားစွဲ အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

သွင်းကုန်လိုင်စင်၊ ပါမစ် သို့မဟုတ် ကြေညာလွှာမရှိဘဲ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းပါက ကုန်ပစ္စည်းအမျိုးအစားအလိုက် စည်းကြပ်တန်ဖိုး၏ ၃ ဆအထိ ဒဏ်ကြေးချမှတ်ပြီး ကုန်ပစ္စည်းများကို သိမ်းဆည်းမည့်အပြင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေပုဒ်မဖြင့် တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၆ အရ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ဒဏ်ကြေးနှုန်းထားများနှင့် အရေးယူမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အသစ်ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အမိန့်အသစ်အရ သွင်းကုန်လိုင်စင်၊ ပါမစ် သို့မဟုတ် ကြေညာလွှာမရှိဘဲ ကုန်ပစ္စည်းတင်သွင်းပါက ကုန်ပစ္စည်းအမျိုးအစားအလိုက် စည်းကြပ်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း၊ ၂၀၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးချမှတ်နိုင်ပြီး အချို့ကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စည်းကမ်းချိုးဖောက်မှုများအတွက် ဒဏ်ငွေပေးဆောင်စေခြင်း၊ ကုန်ပစ္စည်းသိမ်းဆည်းခြင်းတို့အပြင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ (၁) ဖြင့် တရားစွဲဆိုအရေးယူနိုင်ကြောင်း စစ်ကောင်စီ၏ အမိန့်တွင် ဖော်ပြထားသည်။

“ဒဏ်ကြေးတွေ ပိုမြင့်လာတယ်။ သွင်းကုန်တင်သွင်းမှုကို ပိုပြီးတော့ တင်းကျပ်လာတယ်။ ပစ္စည်းသိမ်း၊ ဒဏ်ရိုက်မယ့်အပြင် ထောင်ပါချမယ်ဆိုတာမျိုးပြောလာတာ။ အခြေအနေက ပိုပြီး ဆိုးလာတာပါ” ဟု သွင်းကုန်တင်သွင်းနေသော လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၆ ထုတ်ပြန်ခြင်းနှင့်အတူ ယခင်ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၆/၂၀၁၇၊ ၄၀/၂၀၂၃၊ ၁၁၅/၂၀၂၅ နှင့် ၅၁/၂၀၂၆ တို့ကို ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ ပယ်ဖျက်ကာ အမိန့်အသစ်ပါ လုပ်ထုံးလုပ်နည်းများဖြင့် အစားထိုးလိုက်ကြောင်း သိရသည်။

စစ်ကောင်စီက ပိတ်ပင်တားမြစ်ထားသော ကုန်ပစ္စည်းများကို တင်ပို့၊ တင်သွင်းခွင့် လုံးဝမပြုဘဲ ကန့်သတ်ကုန်ပစ္စည်းများကို လိုင်စင် သို့မဟုတ် ပါမစ်ရရှိပြီးမှသာ တင်ပို့၊ တင်သွင်းရမည်ဟု သတ်မှတ်ထားသည်။

ကုန်ပစ္စည်းတိုင်းတွင် အမှတ်တံဆိပ်နှင့် ပင်ရင်းနိုင်ငံကို တိကျစွာ ဖော်ပြထားရမည်ဖြစ်ပြီး တင်သွင်းလာသော ကုန်ပစ္စည်းများသည် သွင်းကုန်လိုင်စင်၊ ပါမစ်နှင့် ကြေညာလွှာပါ အချက်အလက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရသည်။

အမှတ်တံဆိပ်မပါရှိသော ယာဉ်နှင့် ယန္တရားများကို သိမ်းဆည်းမည်ဖြစ်ပြီး အထွေထွေကုန်ပစ္စည်းများကို စည်းကြပ်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးချမှတ်နိုင်ကြောင်း၊ ပင်ရင်းနိုင်ငံနှင့်ပတ်သက်သည့် အထောက်အထားမတွေ့ရှိပါက ယာဉ်နှင့် ယန္တရားများကို သိမ်းဆည်းကာ အထွေထွေကုန်ပစ္စည်းများကို စည်းကြပ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ဒဏ်ရိုက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့ရာတွင် အမှတ်တံဆိပ် သို့မဟုတ် ပင်ရင်းနိုင်ငံကို သက်ဆိုင်ရာ အထောက်အထားများဖြင့် စိစစ်အတည်ပြုနိုင်ပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုနိုင်ကြောင်း သိရသည်။

ယာဉ်နှင့် ယန္တရားများ၏ ထုတ်လုပ်သည့်ခုနှစ် ကွဲလွဲပါက စည်းကြပ်တန်ဖိုးအပေါ် မူတည်၍ ဒဏ်ကြေးချမှတ်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် ထုတ်လုပ်သည့်ခုနှစ်ထက် နိမ့်နေပါက ယာဉ် သို့မဟုတ် ယန္တရားကို သိမ်းဆည်းမည်ဖြစ်သည်။

သွင်းကုန်လိုင်စင်၊ ပါမစ် သို့မဟုတ် ကြေညာလွှာတွင် ဖော်ပြထားသည့် အဓိကအမှတ်တံဆိပ်နှင့် အမှတ်တံဆိပ်ခွဲ ကွဲလွဲပါက ယာဉ်နှင့် ယန္တရားများကို စည်းကြပ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်းများကို ၂၅ ရာခိုင်နှုန်းအထိ ဒဏ်ကြေးချမှတ်မည်ဖြစ်သည်။

ကုန်ပစ္စည်း၏ ဝင်ဆံ့ပမာဏ၊ အလေးချိန်နှင့် အတိုင်းအတာများ ကွဲလွဲပါက တစ်တန်လျှင် ငွေကျပ် ၅ သိန်း သို့မဟုတ် စည်းကြပ်တန်ဖိုးအပေါ် အခြေခံ၍ ဒဏ်ကြေးချမှတ်မည်ဖြစ်သည်။ လျှပ်စစ်ကား EV များ၏ ဘက်ထရီစွမ်းရည်နှင့် မော်တာစွမ်းရည် ကွဲလွဲမှုများအတွက်လည်း ဒဏ်ကြေးသတ်မှတ်ထားပြီး အပေါင်း၊ အနုတ် ၃ အတွင်း ကွဲလွဲမှုကို ဒဏ်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်းများ လိုင်စင်ခွင့်ပြုချက်မရမီ ကြိုတင်ရောက်ရှိလာပါက ၁၅ ရက်အတွင်း ဒဏ်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်သော်လည်း ၁၆ ရက်မှစတင်၍ ရက်အလိုက် ဒဏ်ကြေးများ တိုးမြှင့်ချမှတ်မည်ဖြစ်ပြီး ၆၁ ရက်နှင့်အထက် ကျော်လွန်ပါက ကုန်ပစ္စည်းကို သိမ်းဆည်းမည်ဖြစ်သည်။

အလားတူ သွင်းကုန်လိုင်စင် သက်တမ်းကျော်လွန်ပြီးမှ ကုန်ပစ္စည်းရောက်ရှိလာပါက ၇ ရက်အတွင်း ဒဏ်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်သော်လည်း ၈ ရက်မှစတင်၍ ဒဏ်ကြေးချမှတ်ကာ ၃၁ ရက်နှင့်အထက် ကျော်လွန်ပါက ကုန်ပစ္စည်းကို သိမ်းဆည်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပို့ကုန်များနှင့်ပတ်သက်၍လည်း ပင်ရင်းနိုင်ငံ ကွဲလွဲဖော်ပြခြင်း၊ အရည်အသွေး၊ အတိုင်းအတာနှင့် ကုန်ပစ္စည်းအမျိုးအစား ကွဲလွဲခြင်း၊ လိုင်စင်နှင့် စာရွက်စာတမ်းပါ အချက်အလက်များ မကိုက်ညီခြင်းနှင့် ခွင့်ပြုချက်ထက် ကျော်လွန်တင်ပို့ခြင်းတို့အတွက် စည်းကြပ်တန်ဖိုးအပေါ် အခြေခံ၍ ဒဏ်ကြေးများ ချမှတ်မည်ဖြစ်သည်။

ပို့ကုန်လိုင်စင်၊ ပါမစ်၊ ထုတ်ကုန်ကြေညာလွှာ သို့မဟုတ် တင်ပို့မှုနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ မပါရှိပါက ကုန်ပစ္စည်းများကို သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းမှုဆိုင်ရာ စည်းကမ်းချိုးဖောက်မှုများကို ဒဏ်ငွေချမှတ်ခြင်း၊ ကုန်ပစ္စည်းသိမ်းဆည်းခြင်းနှင့် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ (၁) ဥပဒေပုဒ်မဖြင့်ပါ တရားစွဲဆိုအရေးယူခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ထည့်သွင်းကြေညာထားသည်။

အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရန် မြန်မာနိုင်ငံတွင် သွင်းကုန်မှန်သမျှကို ပိတ်ဆို့ပြီး ပို့ကုန်သာတင်ပို့မည့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။ရန်ကုန်၊ ဇူလိုင် ၁၂

အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရန် မြန်မာနိုင်ငံတွင် သွင်းကုန်မှန်သမျှကို ပိတ်ဆို့ပြီး ပို့ကုန်သာတင်ပို့မည့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article