မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနား ပြုလုပ်
ရန်ကုန်၊ မေ ၁
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ယနေ့ မေလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း ရေး သန္နိဋ္ဌာန်ဖြင့် 2023 May Day နေ့တွင် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်း ရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် နွေဦးတော်လှန်ရေးနှင့် အလုပ်သမား အခွင့်အရေးတိုက်ပွဲ အရှိန်မြှင့်တင်ခြင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမားသမဂ္ဂများ၊ မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။


