26 C
Yangon

စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်ခဲ့သော ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်၏ နေအိမ်ကို စစ်ကောင်စီက ယနေ့ ချိတ်ပိတ်

Must read

ရန်ကုန်၊ မတ် ၃

ရန်ကုန်မှာ သတင်းဓာတ်ပုံရိုက်ကူးနေစဉ် ဖမ်းဆီးခံရပြီး စစ်ကောင်စီ စစ်ကြောရေးမှာ မတရားသတ်ဖြတ်ခံခဲ့ရတဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ရဲ့နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၃ ရက်နေ့မနက်ပိုင်းလာရောက် ချိတ်ပိတ်သွားခဲ့တယ်လို့ သိရှိပါတယ်။

ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ် ၊ရှင်စောပုရပ်ကွက် မှာရှိတဲ့ သုခမိန်လမ်း ထဲက ကိုစိုးနိုင်ရဲ့ နေအိမ် တိုက်အမှတ်(၂) ၃ လွှာ ကို ဒီကနေ့မနက်ပိုင်းမှာစစ် ကောင် စီတပ်တွေက လာရောက်ချိပ်ပိတ်သွားတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုစိုးနိုင်ရဲ့နေအိမ်ကို စစ်‌ကောင်စီက ချိတ်ပိတ်ခဲ့တဲ့ အကြောင်းအရင်းကို တော့ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က မြန်မာနိုင်ငံတဝန်း အသံတိတ်သပိတ်မှောက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်နေတာကို ဓာတ်ပုံသတင်း ရယူဖို့ ကြိုးစားနေတဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးမှာမတရား သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

သတင်းဓာတ်ပုံရိုက်နေတုန်း ရန်ကုန်မြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာကို ခံခဲ့ရပြီး ၄ ရက်အကြာမှာပဲ ကိုစိုးနိုင်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ကိုစိုးနိုင်နဲ့ ဓာတ်ပုံသတင်းထောက် နောက်တဦးဖြစ်တဲ့ ကိုဇော်ထွန်းတို့ဟာ ရန်ကုန်မြို့၊ လသာမြို့နယ် ၂၁လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းတာကို ခံခဲ့ကြရတာလည်းဖြစ်ပါတယ်။

ကိုစိုးနိုင်ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ် တို့ကျန်ရှိတယ်လို့ သိရှိရပါတယ်။

ကိုစိုးနိုင်ဟာ ဓာတ်ပုံသမားတစ်ဦးဖြစ်သလို ဂရပ်ဖစ် ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပြီး သတင်းယူဖို့ ကြိုးစားခဲ့တာကြောင့်ဖမ်းဆီးခံရပြီး အသက်ပေးခဲ့ရတဲ့ ပထမဆုံး မြန်မာသတင်းထောက် ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article