29 C
Yangon

စစ်ကိုင်းမြို့၊ ဆွမ်းချက် ရပ်ကွက်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

စစ်ကိုင်းမြို့၊ ဆွမ်းချက် ရပ်ကွက်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်ကွက်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Truth Keeping Force (အမရပူရ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဆွမ်းချက်ရပ်ကွက်ရှိ အိုးအိမ်တိုက်တန်းတွင် လာရောက် ပုန်းရှောင်နေသည့် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ သီဟထွန်း ကို တော်လှန်ရေး အင်အားစုများက သေနတ်ဖြင့် ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော သီဟထွန်းသည် စစ်ကိုင်းမြို့နယ် အတွင်းရှိ ရွာသစ်ကြီးကျေးရွာ၊ မတောင့်တ ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ရွာသစ်ကြီး တိုက်နယ် အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထိုးခြင်း နှင့် တော်လှန်ရေး ရဲဘော်များ၊ အပြစ်မဲ့ ပြည်သူများ ဖမ်းဆီး ခံရမှုတွင် အဓိက ပါဝင်သော တရားခံဖြစ်ကြောင်း၊ ယခင်ကလည်း ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ မှုခင်းများ ထောက်လှမ်းသည့်အလုပ် လုပ်ကိုင်ခဲ့ကာ လက်ရှိချိန်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ဒလန် လုပ်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Truth Keeping Force (TKF,amra) နှင့် လင်းလက်ကြယ် (UG) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Truth Keeping Force (အမရပူရ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article