ဖယ်ခုံတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာအတွင်း တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရ
ရန်ကုန်၊ မေ ၆
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ယနေ့ မေလ ၆ ရက်နေ့ နံနက် ၃ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကက်သလစ်ဘုရားကျောင်းနှင့် ပြည်သူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။
ထို့ပြင် ၁၀ နှစ်ကျော် လူငယ် ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရကြောင်း၊ ကျန်ရှိ ပြည်သူ ၂ ဦးမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရပါသည်။
Photo crd – kamlatt