28 C
Yangon

ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီး

Must read

ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ မေ ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွား​ပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကန့်ဘလူမြို့ယ်၊ ထောက်ရှာအိုင်ရွာကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း- ၃၆၁ မှ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တိုးသည့် ထောက်ရှာအိုင်ရွာသား စစ်ဘေးရှောင် ပြည်သူ ၁၅ ဦးခန့်ကိုလည်း စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

“ထောက်ရှာအိုင်က စစ်ဘေးရှောင်ဖို့ တိမ်းရှောင်လာတဲ့ခန့်မှန်း​ခြေ ပြည်သူ ၁၅ ဦးလောက်ကို စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားတယ်။ စစ်တပ် စစ်ကြောင်းက မီးရှို့သွားလို့ ပြည်သူပိုင် နေအိမ် ၆၀ လောက် ပြာကျသွားတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article