33 C
Yangon

KNU တပ်မဟာ ၆ နယ်မြေတွင် ဧပြီလ တိုက်ပွဲအတွင်း စစ်သား ၁၀၇ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀ ဦး ကျဆုံး

Must read

KNU တပ်မဟာ ၆ နယ်မြေတွင် ဧပြီလ တိုက်ပွဲအတွင်း စစ်သား ၁၀၇ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀ ဦး ကျဆုံး

■ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဘုန်းကြီးကျောင်း၊ ခရစ်ယန်ကျောင်းနှင့်နေအိမ်များကို စစ်တပ် ကဖျက်ဆီး

ရန်ကုန်၊ မေ ၇

ကေအဲန်သူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်အတွင်း၌ ဧပြီလ အတွင်း တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပြီး စစ်တပ်မှ ၁၀၇ ဦးသေဆုံးကာ ခလရ ၂၀၇၊ ခလရ ၈ တပ်ရင်းမှူးနှင့် ဗိုလ်မှူးအဆင့် (၂)ဦး၊ ဗိုလ်ကြီး (၁)ဦးတို့ အပါအဝင် ၈၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင်မှ တရားဝင် သတင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများတွင်း ကြမ်းဖက်စစ်တပ်မှ တပ်သား ၃ ဦး စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိကာ KNLA ၊ KNDO နှင့် ပူးပေါင်း စစ်ကြောင်းများမှ တော်လှန်ရေးရဲဘော် ၁၀ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ရပြီး ၁၉ ဦး ဒဏ်ရာရကာ တိုက်ခိုက်ရေး ဒရုန်း တစ်စင်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဧပြီလ အတွင်း အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ၃၁ ကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁၈၄ ကြိမ်ရှိပြီး စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း ၂ လုံး နှင့် ပြည်သူပိုင် အိုးအိမ် ပေါင်း ၃၈၇ လုံး ပျက်စီးခဲ့ပြီး ၁၂ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏‌ လေကြာင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုး သမီး ၃ ဦး၊ မီးနေသည် အမျိုးသမီး ၃ ဦး၊ ခြေထောက်မသန်သူ ၂ ဦး၊ မျက်မမြင် ၁ ဦး၊ သက်ကြီးရွယ်အို ၆ ဦး အပါအဝင် မူကြိုကျောင်းနေအရွယ် ကလေးငယ်များ၊ ဘုန်းတော်ကြီးများပါ ထွက်ပြေးတိမ်းရှောင် နေ ရပြီး စစ်ဘေးရှောင်ဦးရေ ၂၃၀၂၁ ဦးရှိကြောင်း ဒူးပလာယာခရိုင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ် စကခ ၁၃ တပ်ရင်းမှူး မျိုးဆက်အောင် လက်အောက်ခံ ၊ စစ်ဗျူဟာမှူး အောင်မျိုး ထွန်း လက်အောက်ခံ၊ ခလရ ၃၂ တပ်ရင်းမှူး ရဲထက်ဇော် ဦးဆောင်အဖွဲ့မှ အပြစ်မဲ့ပြည်သူ ၂ ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီး ၁ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ရးမ်သမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင် အိမ်မွေး တိရိစ္ဆာန် နွား ၃၄ ကောင်၊ ဝက် ၂၁ ကောင်၊ ဆိတ် ၂၀ ကောင်နှင့် အခြားသော အိမ်မွေး တိရိစ္ဆာန် မြောက်များစွာ ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့နေအိမ် ၁၂ လုံးအပါအဝင် ဥယျာဉ်ခြံမြောက်များစွာ မီးလောင်ပျက်စီးခဲ့ ကြောင်း ဒူးပလာယာခရိုင် က ထုတ်ပြန်ထားသည်။

Photo – အကြမ်းဖက် စစ်တပ်မှ လေယာဉ် နှင့် လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်မှုကြောင့် ပျက်စီး သွားသော ဘာသာရေးအဆောက်အဦ ၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ လူနေအိမ် နှင့် စစ်ဘေးရှောင် မီးနေသည် အမျိုးသမီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article