29 C
Yangon

မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရမှုတွင် သေဆုံးသော ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်ကို နမခဌာနချုပ်တွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကိုယ်တိုင် အမိန့်ပြန် သဂြိုလ်

Must read

မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရမှုတွင် သေဆုံးသော ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်ကို နမခဌာနချုပ်တွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကိုယ်တိုင် အမိန့်ပြန် သဂြိုလ်

ရန်ကုန်၊ မေ ၈

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရမှုတွင် သေဆုံးသော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ စစ်သင်္ချိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကိုယ်တိုင် အမိန့်ပြန် သဂြိုလ်လိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မေလ ၅ ရက်နေ့ ညနေပိုင်း ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများတွင် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံးခဲ့ကြောင်း၊ ယင်းနောက် အလောင်းကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည် သယ်ယူပြီး မေလ ၇ ရက်နေ့တွင် စစ်အခမ်းအနားဖြင့် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကိုယ်တိုင် အမိန့် ပြန်သဂြိုလ်ကြောင်း သိရှိရသည်။

” နာရေးရှင် မိသားစုတွေကိုတော့ အသုဘအခမ်းအနား တက်ခွင့်ပေးတယ်။ အသုဘကတော့ စစ်အခမ်းအနားနဲ့ စစ်တပ်က ဦးစီးလုပ်တာပါ။ နာရေး ရက်လည်ကတော့ မိသားစုတွေရဲ့နေအိမ်မှာ လုပ်မှာဖြစ်သလို သူ့တပ်မှာလည်းလုပ်မယ်။ တိုင်းမှူး အမိန့်ပြန် သဂြိုလ်တယ်ဆိုတာ မှန်ပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မေလ ၅ ရက်နေ့ ညနေပိုင်း CDF တပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော စစ်တပ်ဘက်မှ ၃ ဦးတွင် စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး စိုးမင်းလတ်၊ ဗိုလ်မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦး တို့ပါဝင်သေဆုံးကြခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်အရာရှိကြီးတစ်ဦး၏ အသုဘ နာရေးသဂြိုလ်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article