27.4 C
Yangon

ရေတပ် ဗိုလ်ချုပ်ရာထူးတချို့ အပြောင်းအလဲလုပ်ရန် ရှိနေပြီး မျိုးဆက်သစ် ရေတပ်အရာရှိတချို့ကို နေရာပေးရန်ရှိဟုဆို

Must read

ရန်ကုန်၊ မေ ၉

အကြမ်းဖက်စစ်တပ်အတွင်း ရေတပ် ဗိုလ်ချုပ်ရာထူးတချို့ အပြောင်းအလဲလုပ်ရန် ရှိနေပြီး မျိုးဆက်သစ် ရေတပ်အရာရှိတချို့ကို နေရာပေးရန်ရှိနေကြောင်း ရေတပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခင်ကတည်းက အပြောင်းအလဲလုပ်ရန် လျာထားခံရသော ရေတပ်စစ်ဦးစီးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေးနေရာတွင် ရေတပ်ဗိုလ်မှူးချုပ် သိန်းထူးကို အစားထိုး တာဝန်ပေးရန်ရှိနေပြီး ရာထူးတိုးမြှင့်ပေးရာတွင် စီနီယာ- ဂျူနီယာ အလိုက် မဟုတ်ဘဲ တပ်ချုပ်မဟုတ်တော့သည့် မင်းအောင်လှိုင်က ရွေးချယ်ခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် ရေတပ်ဗိုလ်မှူးချူပ် သိန်းထူးထက် စီနီယာကျသော ရေတပ်ဗိုလ်ချုပ်များက ယင်းကဲ့သို့ အငယ်ရေတပ်ဗိုလ်ချုပ်ကို ရာထူးတိုးမြှင့်ရန် ရှိနေမှုအပေါ် ကျေနပ်မှုမရှိကြောင်း သိရှိရသည်။

ရေတပ် စစ်ဦးစီးအရာရှိချုပ်ရာထူးမှ ဖယ်ရှားရန် လျထားခံရသည့် ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေးသည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ကာ သံအမတ်ဖြစ်လာရန်ရှိနေကြောင်း ၊ ယခင်က ရေတပ်စစ်ဦးစီးချုပ်အဖြစ် ရေတပ်ဗိုလ်ချုပ် ကျော်ကျော်ထူးကို ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ရေတပ်မှာ ရာထူးတိုး အပြောင်းအရွှေ့တွေ ရှိနေတယ်။ အရာရှိချုပ် အေးမင်းထွေးကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ရွှေ့မယ်။ သူ့နေရာကို ဗိုလ်မှူးချုပ် သိန်းထူး ရောက်မယ်။ အရင်က ဗိုလ်ချုပ် ကျော်ကျော်ထူးလို့ အမည် ထွက်ခဲ့တာ။ အပြောင်းအရွေ့ သတင်းပေါက်ကြားပြီးတဲ့နောက် ပြန်ငြိမ်သွားခဲ့တာ။ အခုတစ်ခါတော့ အပြောင်းအလဲအတွက် သေချာပြီလို့ ပြောတယ်။ ” ဟု ရေတပ် သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယခင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းကလည်း ရေတပ်စစ်ဦးစီးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေးကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သံအမတ်အဖြစ် ပြောင်းရွှေ့မိန့် ကျခဲ့သော်လည်း သတင်းပေါက်ကြားမှုများကြောင့် ယင်းလုပ်ငန်းစဉ်ခေတ္တဆိုင်းငံသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရာထူးအပြောင်းအရွှေ့များသည် တပ်ချုပ်မဟုတ်တော့သော မင်းအောင်လှိုင်၏ အတည်ပြု ရွေးချယ်မှုများ ဖြင့် ခန့်အပ်နေခြင်းဖြစ်ကြောင်း ရေတပ်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article