27.3 C
Yangon

ပေါက်၊ ရွှေဘိုနှင့် ပုလဲတို့တွင် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ပေါက်၊ ရွှေဘိုနှင့် ပုလဲတို့တွင် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၈

မကွေးတိုင်း ပေါက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပုလဲမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး ခဲ့ကြောင်း ဒေသ တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ပေါက်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု ၃ ဦးသေဆုံး

==========================

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့ထံမှ သိရသည်။

မေလ ၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် မြိုင် ပကဖ က ပေါက်မြို့နယ် အုန်းတောရွာ အနီး ၂ ဖွဲ ခွဲ၍ စစ်ဆေးရေးလုပ်နေသော စစ်သားနှင့် ပျူစောထီး ၄၀ ဦးအား အုန်းတောရွာ မိန်းလမ်းမဘေး မဲဇလီတန်း အနောက်တွင်မိုင်း ၁၆ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက် ခဲ့ပြီး စစ်သား ၆ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကာ ၃ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသော စစ်သားများကို ကား ၁ စီးဖြင့် နံနက် ၉ နာရီ ၄၀ မိနစ်တွင် လာရောက် တင်ဆောင်ကာ ပေါက်မြို့ ဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း၊ ၎င်းစစ်ကြောင်းသည် အင်အား ၅၀ နီးပါးထပ်တိုး၍ အုန်းတောရွာ အနောက်တွင် ဆက်လက် ကင်းပုန်း၀ပ်နေစဥ် ည ၇ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ဗိုလ်တစ္ဆေအဖွဲ့နှင့်ပေါက်ကျေးရွာ ကာကွယ်ရေး အဖွဲ့များ၊ မြိုင်ပကဖရင်း ၁ ခွဲ ၅ တပ် စိတ် ၁ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရွှေဘိုတွင် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး

==============================

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နန်းတွင်း၌ တပ်စွဲထားသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဘို နန်းတွင်း၌ တပ်စွဲထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂၃ တပ်ရင်း၏ တပ်ခွဲNaungYoe Army နှင့် ရွှေဘိုကျားကြီး ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်သားများက ပြန်လည်ပစ်ခတ်သော်လည်း အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပုလဲမြို့ရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်

==============================

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အရှေ့အထွက် ပုလဲ-ကျားတက်-မုံရွာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“တိုက်ပွဲက နံနက် ၉ နာရီ အချိန်လောက်ကဖြစ်တာတိုက်ပွဲကြာချိန်က ၁ နာရီ နီးပါးလောက် ကြာတယ်။ သူတို့ဘက်က အထိအခိုက်ရှိနိုင်တယ်။ အတိအကျတော့ ဖရဲသီးနဲ့ ချိတ်နေဆဲ ကိုယ်ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး။ တိုက်ပွဲကလည်း ကိုယ့်ဘက်က အင်အား ကောင်းတယ်လို့ပြောလို့ရတယ်။ မဟာမိတ်လေးဖွဲ့ပေါင်းပြီး ခွေးဂိတ်ကိုတိုက်တာပါ။ အဖွဲ့တွေက ကျွန်တော်တို့ သခင်ဒေါင်းညိုအဖွဲ့က ဦးဆောင်ပြီး ဟိန္နက အဖွဲ့၊ခရိုင်းတပ်ရင်းတစ်ခုနဲ့ မုတ်ဆိုးလေးအဖွဲ့ ပေါင်းပြီးတိုက်ခဲ့တာ” ဟု သခင်ဒေါင်းညို အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အကြိမ်ကြိမ် တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများကာ တပ်တွင်း အချင်းချင်း စည်းလုံးမှု ပြိုကွဲခြင်းများ ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article