“တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ” စာတန်း ကိုင်ဆောင်ကာ လောင်းလုံးတွင် ချီတက် ဆန္ဒပြ
ရန်ကုန်၊ မေ ၁၀
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ကာ ယနေ့ မေလ ၁၀ ရက်နေ့တွင် “တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ” စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။