24 C
Yangon

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် မီးရှို့ ဖျက်ဆီးနေပြီး ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်​နေရ

Must read

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် မီးရှို့ ဖျက်ဆီးနေပြီး ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်​နေရ

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် မီးရှို့ ဖျက်ဆီးနေကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁၁ ရက်‌နေ့ နံနက် ၆ နာရီခန့်တွင် ကန့်ဘလူမြို့နယ်ရှိ သရက်ခေါင်းရွာနှင့် ဖလံချိုင်ရွာတို့ကို အကြမ်းဖက်စစ်တပ်၏ ခြေမြန်တပ်ရင်း-၃၆၁နှင့် ၃၆၈ တို့က ဝင်ရောက် စီနင်း မီးရှို့ ဖျက်ဆီး နေခြင်း ဖြစ်ပြီး ကျေးရွာနေ ပြည်သူများနှင့် အနီးအနားရှိ ကျေးရွာများမှ ၂၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၆၈ စစ်ကြောင်းသည် မေလ ၁၀ ရက်‌နေ့ နံနက်ပိုင်းက သိုးဘိုးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့ကလည်း သရက်ခေါင်းရွာကို ပထမအကြိမ်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး စာသင်ဆောင် ၁ ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၆၁ စစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်သည် ဖုတ်ကုန်းရွာအနီးရောက်ရှိနေကြောင်း၊ အဆိုပါ စစ်ကြောင်းသည် မေလ ၇ ရက်နေ့က ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ရွာကို အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်ပြည်သူ ၁၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ထပ်ဖမ်းထားသူတော့ အခုထိတော့ မကြားသေးဘူးဗျ။ ပြန်လွတ်လာတာလည်း မရှိသေးပါဘူးဗျ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

စစ်ကောင်စီမှ ဧပြီလကုန်မှ စ၍ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ဇီးကုန်းတိုက်နယ်နှင့် ကာဘိုးတိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် မနားတမ်းလှည့်ပတ်ထိုးနေခြင်းကြောင့် ကျေးရွာ ၂၀ ခန့်မှပြည်သူ နှစ်သောင်းခန့်စစ်ဘေးရှောင်နေရပြီး အခြေခံစားသောက်ကုန်၊အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article