26 C
Yangon

မိုခါ မုန်တိုင်း ဖြတ်သန်းမည့် ရခိုင်ဒေသမှ ပြည်သူ ၁၁,၀၀၀ ကျော်ကို အာရက္ခပြည်သူ့အစိုးရက ဘေးကင်းရာ ပြောင်းရွှေ့ပေးနေ

Must read

မိုခါ မုန်တိုင်း ဖြတ်သန်းမည့် ရခိုင်ဒေသမှ ပြည်သူ ၁၁,၀၀၀ ကျော်ကို အာရက္ခပြည်သူ့အစိုးရက ဘေးကင်းရာ ပြောင်းရွှေ့ပေးနေ

ရန်ကုန်| မေ ၁၂

ရခိုင်ဒေသတွင် မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရနိုင်ခြေရှိသည့် ပင် လယ် ကမ်းအနီး မြေနိမ့်ပိုင်းဒေသက ကျေးရွာပေါင်း ၂၁ ရွာက ပြည်သူ ၁၁,၀၈၀ ကျော်ကို ဘေးကင်းလုံခြုံသည့် နေရာသို့ ရက္ခိုင့်တပ်တော် ULA/AA ၏ အာရက္ခပြည်သူ့အစိုးရက ပြောင်းရွှေ့ပေးနေကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

မရွှေ့ပြောင်းလိုသည့် ပြည်သူများကိုလည်း ကြိုတင်ပြင်ဆင်ထားရမည့် အခြေ အနေများနှင့် ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ်ကိုလည်း အသိပညာဟောပြောပွဲများ ပြုလုပ်နေသည်ဟု ဆိုသည်။

ယင်းအပြင် ပြည်သူများကို ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများကို အထူး သဖြင့် အရေးပေါ်သုံးစွဲနိုင်အောင် အသက်ကယ်အင်္ကျီများကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရသည်။

(Western News-WN သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article