စစ်ကောင်စီတပ်က လေထီးနဲ့ချပေးတဲ့ အထုပ်တချို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိ
ရန်ကုန်၊ မေ ၁၂
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အကြစစ်ကောင်စီတပ်ဖွဲ့က ရဟက်ယာဉ်နဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းအထုပ်တချို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF-Hakha ပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ် The Chin Journal ကဖော်ပြထားပါတယ်။
မေလဆန်းပိုင်းမှာ ဟားခါး-ဂန့်ဂေါလမ်းပိုင်းဖက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရဟက်ယာဉ်နဲ့ လက်နက်ခဲယမ်းအထုပ် ၂၀ ဝန်းကျင်ကို လေထီးနဲ့ လာချပေးခဲ့ရာမှာ အဲ့ဒီထဲက အထုပ်တချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့တာဖြစ်ပါတယ်။
ဂန့်ဂေါမြို့နယ်က ဟားခါးဘက်ကိုစစ်ကောင်စီစစ်ကြောင်းထိုးလာကတည်းက ဂန့်ဂေါ – ဟားခါးလမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။
မေ ၁၁ ရက်နေ့ကလည်း ဟားခါး-ဂန့်ဂေါလမ်းပိုင်း နေရာတစ်ချို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။