ရန်ကုန် ၊ မေ ၁၃
စစ်ကိုင်းတိုင်း၊ မုံရွာ UG အဖွဲ့ဝင် လူငယ် ၈ ဦးကို အကြမ်းဖက် စစ်တပ်က ထောင်ဒဏ် ၄၄ နှစ်မှ ထောင်ဒဏ် ၄ နှစ် အထိ အသီးသီး ချမှတ်ခဲ့ကြောင်း ထောင်ဒဏ် ချမှတ် ခံရသူများနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ မုံရွာအကျဉ်းထောင်အတွင်းရှိ တရားရုံးက မတရား ဥပဒေပုဒ်များ တပ်ကာ ကိုထူးသန့်လွင်ကို ထောင် ဒဏ် ၄၄ နှစ်၊ ကိုဝေဖြိုးကျော်ကို ထောင်ဒဏ် ၃၃ နှစ်၊ ကိုအိတုံကို ထောင်ဒဏ် ၂၂ နှစ်၊ ကိုသက်နိုင်းကိုကို ကို ထောင်ဒဏ် ၂၂ နှစ်၊ ကိုထိုက်ဇော် အောင်(ခ)ကို ထိုက်ကြီးကို ထောင်ဒဏ် ၁၁ နှစ်၊ ကိုအောင်ဇေယျကို ထောင်ဒဏ် ၁၁ နှစ်၊ ကိုသီဟအောင်ကို ထောင် ဒဏ် ၁၁ နှစ်နှင့် ကိုအောင်ကျော်မြင့် ကို ထောင် ဒဏ် ၄ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုထူးသန့်လွင်၊ ကိုဝေဖြိုးကျော်၊ ကိုသက်နိုင်ကိုကို၊ ကိုအိတုံနှင့် ကိုအောင်ဇေယျ တို့သည် မတရား ဥပဒေ ပုဒ်မများဖြင့် ဆက်လက် တရား ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။
“သူတို့ဖမ်းဆီးပြီး စစ်ကြောရေးပို့တယ်၊ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ပြီး အကြမ်းဖက်အဖွဲ့အစည်း တွေနဲ့ ပတ်သက်တယ်၊ ဆက်သွယ်တယ်၊ သင်တန်းတွေတက်ဆိုပြီး အကြမ်းဖက်ပုဒ်မ ၅၀ (က)၊ ၅၀ (ည)၊ ၅၀ (ဈ)ဆိုတဲ့ ပုဒ်မတွေနဲ့ တရားစွဲပြီး ချလိုက်တာ၊ ဖမ်းမိတာက ၆ ယောက်၊ တည်းခိုခန်းပိုင်ရှင် တွေပါ ဖမ်းပြီး ထောင်ချတာ၊ တည်ခိုးခန်းပိုင်ရှင်အမျိုးသမီးဆိုရင် ထောင်ထဲမှာသေသွားတယ်၊ အခု အမှုတွဲ ထဲမှာက သေသွားတဲ့ တည်းခိုခန်းပိုင်ရှင်အမျိုးသမီးရဲ့တူတစ်ယောက်ပါတယ်၊ သေသွားတဲ့အမျိုး သမီး ဆိုရင် ကျန်းမာရေးကောင်းလို့ အာမခံနဲ့ ထုတ်ဖို့ကြိုးစားကြတာတောင် မရဘူး၊ ဆေးကုသခွင့် မရေ တော့ သေသွားရတာ၊ တည်းခိုခန်းလည်း ချိတ်ပိတ်ခံရတယ်၊ ပြီးတော့ အခုချလိုက်တဲ့ အထဲမှာ တခြား အမှုတွဲကနေ တွဲလာ တဲ့တစ်ယောက်လဲပါသေးတယ်၊” ဟု ထောင်ဒဏ်ချမှတ်ခံရသူများနှင့် နီး စပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးနှိပ်စက်ခံရသူ စစ်ကြောရေးတွင် သေဆုံးသွားသူမှာ မုံရွာမြို့ရှိ ဟန်နီတည်း ခိုခန်းပိုင်ရှင်အမျိုးသမီးဖြစ်ပြီး သတင်းပေးရန် ပျက်ကွက်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ အမျိုးသမီး၏ တူဖြစ်သူ ကိုအောင်ကျော်မြင့်ကိုလည်း ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျောက္ကာလမ်းဘေးရှိ ဟိုတယ်တစ်ခု၌ ကိုသီဟ(ခ)သီဟဇော်၊ ကိုအိတုံနှင့် ကိုသက်နိုင်းကိုကိုတို့ ပိတ်ဆို့ဖမ်းဆီးခြင်းခံရပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် မုံရွာမြို့၊ တည်းခိုခန်းတစ်ခု၌ ကိုထူးသန့်လွင်၊ ကို အောင်ဇေယျနှင့် ကိုထိုက်ဇော်အောင်တို့ ထပ်မံ ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရသည်။
“အတူတူဖမ်းခံလိုက်ရသူတွေပါ၊ ဒီနှစ်ရှည်ထောင်ဒဏ်တွေက ပထမဆုံးချတဲ့ အမိန့်တွေပါ နောက်ထပ် အမိန့်မချသေးဘဲ အကြမ်းဖက်ပုဒ်မတွေအများကြီးနဲ့ ရင်ဆိုင်နေရဆဲပါ မြို့ပေါ်မှာ အကြမ်းဖက်လုပ်ငန်း တွေလုပ်တယ် ဖောက်ခွဲရေးတွေလုပ်တယ် လူသတ်တယ် လက်နက်ကိုင်ဆောင်ပြီး အကြမ်းဖက် တယ် ဆိုတဲ့စွဲဆိုချက်တွေနဲ့ တရားစွဲထောင်ချတာပါ၊ နောက်ထပ် စွဲဆိုခံထားရပြီးအမိန့်မချသေးတဲ့ အ ကြမ်း ဖက်မှုတွေလည်းရင်ဆိုင်ဆိုင်နေရဆဲပါ”ဟု ထောင်ဒဏ်ချမှတ်ခံရသူများ နှင့် နီးစပ်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာထံသို့ ဆက်လက်ပြောဆိုသည်။