30 C
Yangon

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေ၍ စစ်တွေတွင် မုန်တိုင်း တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ မသိရသေး

Must read

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေ၍ စစ်တွေတွင် မုန်တိုင်း တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ မသိရသေး

ရန်ကုန်| မေ ၁၄

စစ်တွေတွင် ဆိုင်ကလုန်းမုန်တိုင်းနှင့်အတူ ဒီရေများ အလုံးအရင်း ဝင်ရောက် လာသောကြောင့် ရေနစ်မြုပ်မှုများနှင့် ထိခိုက်ပျက်စီးမှုအခြေအနေများအား ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေ၍ စစ်တွေဒေသခံများအား ဆက်သွယ်ရရှိရန် ခက်ခဲနေသည်။

စစ်တွေ ဒေသခံ ၈ ဦးထက်မနည်း ယနေ့ နေ့လယ်ပိုင်းလောက်စ၍ ယခု သတင်းရေးနေသည့်အချိန်အထိ ဆက်သွယ်နေသော်လည်း ဆက်သွယ် မရှိဘဲ Ooredoo ဖုန်းလိုင်းအနည်းငယ်သာ ရရှိခဲ့ပြီး ပြတ်တောက်သွားခဲ့သည်။

ယနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းမှစ၍ ဆိုကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူတိရစ္ဆာန်တိခိုက်မှုနှင့် ပျက်စီးမှုအခြေအနေများ အား လက်တစ်လောတွင် သိရှိခြင်းမရှိသလို လူမှုကယ်ဆယ်အဖွဲ့များကိုလည်း ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ ရရှိခြင်း မရှိသေးပေ။

ယနေ့ညနေပိုင်းက Ooredoo ဖုန်းလိုင်းများ ဆက်လက် ဆက်သွယ်ရာတွင် ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေပြီး အခြားဖုန်းလိုင်းများလည်း ဆက်သွယ်မှု မရရှိဘဲ ပြတ်တောက်နေသည်ကို တွေ့ရသည်။

ဆိုကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် စစ်တွေမြို့မှ ဆက်သွယ်ရေး တာဝါတိုင်ကြီးတစ်ခု ပြိုလဲ ပျက်စီးသွားပြီး စစ်တွေမြို့လမ်းမတော်တောင်ရပ်ကွက် မုန်တိုင်းနှင့်အတူ ဒီရေများ အလုံးအရင်း ဝင်ရောက်ပြီး နေအိမ်အတွင်းနေထိုင်သူတစ်ချို့ ပိတ်မိနေကြောင်း ကယ်ဆယ်ဆောင်ရွက်နေသူများက ယင်းမတိုင်ခင်က ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article