ပေါင်းတည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ မေ ၁၆
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ဘန့်ဘွေးကန်ရွာ အရှေ့ဘက်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။
မေလ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်က ဘန်းဘွေးကန်ရွာ၏ အရှေ့ဘက် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်သားများကို ဘန်းဘွေးကန်ရွာနှင့် တလားဂူးရွာ အကြားတွင် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အထိနာပြီး လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နောက်သို့ အနည်းငယ်ဆုတ်ခွာပြီး အသင့်နေရာယူစောင့်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့စောင့်ဆိုင်းနေစဉ် နံနက် ၉ နာရီခွဲ၌ အကြမ်းဖက်စစ်သားများမှ ယာတောတဲများအား မီးရှို့ပြီး ထပ် မံ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ အ ကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း သေဆုံး အ လောင်းများကို ယာတဲများပေါ် တင်ကာ မီးရှို့အလောင်း ဖျောက်ပစ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF (ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁) နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တိုက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။