25.8 C
Yangon

နေပြည်တော်အနီး မြို့နယ်များတွင် ဇွန်လ အတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိ ၄ ဦး အပါအဝင် ၄၀ ဦးကျော်သေဆုံး၊ PDF တပ်က နယ်မြေစိုးမိုးမှုရရှိရေး တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၂

နေပြည်တော်အနီး မြို့နယ်များတွင် ဇွန်လ အတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၄ ဦး အပါအဝင် ၄၀ ဦးကျော်သေဆုံးပြီး PDF တပ်က နယ်မြေစိုးမိုးမှုရရှိရေး တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နေကြောင်း နေပြည်တော်တိုင်း စစ်ဌာန၊ တိုင်းကွက်ကဲရေး မှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း နေပြည်တော်တိုင်းစစ်ဌာန၏ စစ်ဆင်ရေးနယ်မြေများဖြစ်သော ပဲခူးတိုင်း၊ ဆွာ၊ ရေတာရှည်မြို့နယ်တွင်းရှိ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းစစ်ခွင်နှင့် မကွေးတိုင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တွင်းရှိ အလယ်ရိုးမ စစ်ခွင်များတွင် နယ်မြေစိုးမိုးမှုရရှိရေး တိုက်ပွဲများဖော်ဆောင်ခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ အရာရှိအဆင့် ၄ ဦး အပါအဝင် ၄၀ ကျော် သေဆုံးခဲ့ပြီး ရဲစခန်းမှူးအဆင့် ၁ ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ် ကောင်စီတပ်သားများထံမှ လက်နက်ငယ် ၁၈ လက် နှင့် ကျည်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲကြောင်း သိရသည်။

“ဇွန်လတစ်လအတွင်း နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးနယ်မြေအားလုံးမှာဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေဖြစ်ပါတယ်။ အဲဒီမှာ ရန်သူ့ဘက်က ထိုးစစ်ပါမယ်။ ကျနော်တို့ဘက်က ထိုးစစ်ပါ မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ဘက်ကတော့ ခုခံစစ်နဲ့တန်ပြန်တိုက်စစ်တွေ အသုံးများ တယ်။ ဒီနယ်မြေတွေသည် နေပြည်တော်နဲ့နီးတယ်။ နောက်ပြီးတော့ ရန်ကုန် -မန္တလေး အမြန်လမ်း၊ ရန်ကုန် -မန္တလေးလမ်းဟောင်း ဒါတွေနဲ့လည်း နီးတဲ့နယ်မြေတွေဖြစ်တဲ့အတွက် သူတို့ဘက်ကလည်း ဒီနယ်မြေ မဆုံးရှုံးရအောင်၊ ကျနော်တို့ဘက်ကလည်း ဒီနယ်မြေစိုးမိုးခွင့်ရအောင် အသဲအသန် စစ်ဆင် ရေးတိုက်ပွဲတွေ ဆင်နေတာဖြစ်ပါတယ်” ဟု နေပြည်တော်တိုင်း စစ်ဌာန တိုင်းကွက်ကဲရေးမှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် ၁၈ ၊ ဗျူဟာအမှတ် ၁၉ လက် အောက်ရှိ PDF တပ်ရင်းများ နှင့် နေပြည်တော်ပကဖတို့ပူးပေါင်း၍ ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စစ် တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်ကော်မရှင် အင်အား(၆၀)ခန့် တပ်စွဲထားသော ဆွာမကြီး (ဆွာ ရွာမ) ကျေးရွာစခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက် ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကော်မရှင်တပ်အင်အား ၁၀၀ ခန့်အား နေ ပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ နှင့် ဗျူဟာအမှတ် ၁၉ မှ တပ်ရင်းများမှပူးပေါင်း၍ ခုခံစစ် ဆင်နွှဲတိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်တွင် အကျအဆုံး၊ အထိအခိုက်များခဲ့သောကြောင့် စစ်ကောင်စီ တပ်က လေယာဥ်များ၊ဒရုန်းများနှင့်လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျွန်းကုန်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကော်မရှင်တပ်အား နေပြည်တော်တိုင်း စစ်ဌာန၊ ဗျူဟာအမှတ် ၁၈ နှင့် ဗျူဟာအမှတ် ၁၉ မှ တပ်ရင်းများ ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သားများ အကျအဆုံး အထိအခိုက်များပြားပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရ သည်။

ဇွန်လ ၁၈ ရက်နေ့တွင်လည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိ တောက်ကုန်းကျေးရွာနှင့် ကျွန်းကုန်းကျေးရွာ အစပ်တွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ကို နေ ပြည် တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ နှင့် ဗျူဟာအမှတ် ၁၉ မှ တပ်ရင်းများ ပူးပေါင်း၍ တန် ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အကျအဆုံးများပြီး ဒရုန်း၊ လက်နက်ကြီး၊ တင့်ကား၊ Y 12၊ MI 35 ၊ ဂျက်ဖိုက်တာများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက် ကုန်းကျေးရွာနှင့် ကျွန်းကုန်းကျေးရွာတို့တွင် တပ်စွဲထားသော စစ်ကောင်မရှင်တပ်အား နေပြည် တော် တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ နှင့် ဗျူဟာအမှတ် ၁၉ မှ တပ်ရင်းများ ပူးပေါင်း၍ ဒုတိယ အကြိမ် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံး များ ပြီး ပိတောက်ကုန်း ကျေးရွာမှ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၄ ရက်နေ့တွင် နေပြည်တော်နှင့် နီးစပ်မြို့နယ်ဖြစ်သည့် နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကွင်းကြီးကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်၏ စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာ သော ယာဉ်တန်းကို နေပြည်တော်တိုင်း စစ်ဌာန၊ ဗျူဟာ အမှတ် ၁၇ လက်အောက်ရှိ PDF တပ် ရင်းများ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၁၅ ရက်နေ့တွင်လည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ ဘက်မှ ထွက်ခွာလာပြီး စစ်ကော်မရှင်တပ်မှ ဗိုလ်ကြီးအဆင့်ပါ ၄ ဦး စီးနင်းလာသော ကားတစ်စီးကို ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင်-ဆတ်သွား လမ်းပိုင်းတစ်နေရာ၌ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၇ လက်အောက်ရှိ ရိုးမဖိုက်တာစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article