လောင်းလုံးမြို့နယ်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ မေ ၁၉
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မေလ ၁၉ ရက်နေ့တွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာတန်း ကိုင်ဆောင်ပြီး ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။