22 C
Yangon

မြန်မာနိုင်ငံတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများအတွက် မိသားစုနှင့် အတူ ထပ်တူ ဝမ်းနည်းဟု ချားလ်စ်ဘုရင်က သဝဏ်လွှာ ထုတ်ပြန်ပြီး မုန်တိုင်း သင့် ပြည်သူ ၁၇၅၀၀၀ အတွက် ဒေါ်လာ ၂ သန်းခွဲအကူအညီပေးမည်ဟုဆို

Must read

မြန်မာနိုင်ငံတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများအတွက် မိသားစုနှင့် အတူ ထပ်တူ ဝမ်းနည်းဟု ချားလ်စ်ဘုရင်က သဝဏ်လွှာ ထုတ်ပြန်ပြီး မုန်တိုင်း သင့် ပြည်သူ ၁၇၅၀၀၀ အတွက် ဒေါ်လာ ၂ သန်းခွဲအကူအညီပေးမည်ဟုဆို

ရန်ကုန်၊ မေ ၁၉

မြန်မာနိုင်ငံတွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများအတွက် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ဗြိတိသျှ ပြည်ထောင်စု၏ တတိယမြောက်ချားလ်စ်ဘုရင်က ထုတ်ပြန် ပြောဆိုပြီး မုန်တိုင်း သင့် ပြည်သူ ၁၇၅၀၀၀ အတွက် ဒေါ်လာ ၂ သန်းခွဲ အကူ အညီ ပေးမည်ဖြစ်ကြောင်း ရန်ကုန်ရှိဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။

တတိယမြောက် ချားလ်စ်ဘုရင်က ” အခုလိုအကူအညီများစွာ လိုအပ်နေ တဲ့အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ ရသူတွေအားလုံးအတွက် ကျွန်တော်တို့ သတိရဆုတောင်းပေးနေပါတယ်။ အခုလို အဖြစ်ဆိုးမှာ မိမိတို့ရဲ့ ချစ်ရသူများ ဆုံးရှုံးခဲ့ရတဲ့အတွက်လည်း နက်ရှိုင်း စွာဝမ်းနည်းကြေကွဲရပါတယ်။’’ဟု သဝဏ်လွှာ တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံမှ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ယူကေနိုင်ငံမှ ပေးအပ် သွားမည် ဖြစ်ပြီး ရန်ပုံငွေအသစ်အဖြစ် အမေရိကန်ဒေါ်လာ ၂သန်းခွဲကို အကူ အညီ အများဆုံးလိုအပ်နေသူများအတွက် ရေသန့်နှင့် အမိုးအကာများ ထောက် ပံ့ ပေးအပ်မည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲရောဂါ အန္တရာယ် များလျော့ ပါး စေရန် ကူညီပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ရန်ပုံငွေကို မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ မြေပြင်မှ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများထံသို့ တိုက်ရိုက် ပေးအပ်မည်ဖြစ်ပြီး အသက်ရှင် ကျန် ရစ်သူများ လိုအပ်နေသည့် အသက်ကယ်ထောက်ပံ့မှုကို အမြန်ဆုံး လုပ်ဆောင် မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တတိယမြောက်ချားလ်စ်ဘုရင်နှင့်မိဖုရား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article