31 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့

-မန္တလေးတိုင်း၊ တောင်သာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တောင်သာ ရဲစခန်း အနီးမှာရှိတဲ့ တရုတ်ဓာတ် ငွေ့ပိုက်လိုင်းကို စောင့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေကနေ မေလ ၂၂ ရက်နေ့ ည ၇ နာရီလောက်မှာ လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရင်းနဲ့ ကလေးငယ် ၁ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ ပကဖ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

– ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက် နဲ့ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမကြီး က အကြမ်းဖက် စစ်ကော်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အနီးမှာ မေလ ၂၂ ရက်နေ့ ညပိုင်းမှာပဲ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article