ဧရာဝတီမြစ်အတွင်း ကုန်တင်သင်္ဘောများက PDF များကို အခွန်ပေး၍ စစ်တပ်ထုတ် ကြံ့နှစ်ကောင် ဘိလပ်မြေများ သယ်ဆောင်
ရန်ကုန်၊ မေ ၂၃
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဧရာဝတီမြစ်အတွင်း အစုန်၊အဆန် သွားလာနေသည့် ကုန်စည်တင်သင်္ဘောများက PDF များကို အခွန်ပေး၍ စစ်တပ်ထုတ် ကြံ့နှစ်ကောင် တံဆိပ် ဘိလပ်မြေများကို တင်ဆောင်နေကြောင်း Bright Star Group Defense Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သည့် ကြံ့နှစ်ကောင် တံဆိပ် ဘိလပ်မြေများကို မင်းသူအောင်- ၁ နှင့် ရေဘုရင်ကြီး ၅ သင်္ဘောများဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့များကို စစ်ဆေးရာတွင် တော်လှန်ရေးအဖွဲ့များထံသို့ အခွန်ဆောင်ထားသည့် ပြေစာစာရွက်စာတမ်းများကို တွေ့ရှိရကြောင်း Bright Star Group Defense Force က ပြောသည်။
“ ရေလယ်ကျွ န်းအဖွဲ့ဂေါင်းကြီးတွေရဲ့ ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီ ထောက်တိုင်သင်္ဘောတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလို့ သတိပေးရုံပဲ လုပ်နိုင်ပါတယ် ။ ပြန်မလွှတ်ရင် ပစ်ခတ်မှုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ပါ။ ကျနော်တို့က တော်လှန်ရေးသမားအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ပဲ စုပေါင်းလက်တွဲပြီး တော်လှန်ရေးကို ရှေ့ဆက်လုပ်ဆောင်စေချင် တာ ကြောင့် သတိပေးရုံပဲ တတ်နိုင်ခဲ့ပါတယ်။ တော်လှန်ရေးအမည်ခံ အဖွဲ့ ဂေါင်းကြီးများရဲ့ ငွေမျက်နှာတစ်ခုကိုကြည့်ကာ ငွေကြေးကောက်ခံထား သော အခွန်စာရွက်ပေါ် မှာ ငွေကျပ် ၂၉ သိန်းနှင့် သိန်း ၂၀ ကျပ် ပြေစာ စာရွက်များ ကို ထပ်ခါထပ်ခါ(အမြဲတစေ) စစ်ဆေးတွေ့ရှိရ၍ များစွာစိတ်မကောင်း ဖြစ်မိတယ်” ဟု Bright Star Group Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်တပ်ထုတ်ကုန် ၁၉ မျိုးကို သယ်ယူရောင်းချခြင်းများ မပြုလုပ်ရန် တရားဝင်တားမြစ်ချက် ထုတ်ပြန်ထား ပြီးဖြစ်သော်လည်း လက်ရှိတွင် လိုက်နာမှု အားနည်းမှုများရှိနေကြောင်း သိရှိရသည်။