26 C
Yangon

စဉ့်ကူးတွင် ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား၊ စစ်သား အလောင်းများကို နေအိမ်များထဲထည့်ကာ မီးရှို့ ဖျောက်ဖျက်

Must read

စဉ့်ကူးတွင် ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား၊ စစ်သား အလောင်းများကို နေအိမ်များထဲထည့်ကာ မီးရှို့ ဖျောက်ဖျက်

ရန်ကုန်၊ မေ ၂၇

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပိတောက်ကုန်းရွာနှင့် သဲအင်းရွာ အကြားတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇၀ ခန့်သေဆုံးကာ သေဆုံးစစ်သားအလောင်းများကို နေအိမ်များနှင့်အတူ မီးရှို့ အလောင်းဖျောက် ဖျက်ဆီးခဲ့ကြောင်း SGU ဂဠုန်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် စဉ့်ကူးမြို့မှ အင်းအား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပိတောက်ကုန်းရွာနှင့် သဲအင်းရွာကြားအရောက် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ ၂ ရက်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စ စ်တပ်မှ အရာရှိအပါအဝင် စစ်သား ၇၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

“၂၄ ရက်နေ့က ပိတောက်ကုန်းရွာကို မီးရှို့ပြီး သဲအင်းရွာကို အကူး ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ နှစ်ရက် ကြာတယ်၊ စစ်ခွေးဘက်က ဗိုလ်ပါကျတော့ ဂျက်ဖိုက်တာနဲ့ လာပစ်တာ ၃ ခေါက်လောက်ရှိတယ်၊ တစ်ခေါက်လာရင် ၂ ခါပစ်တယ်။ ဗိုလ် အဆင့်ကတော့ အတိအကျ မသိရဘူး၊ အလောင်းကို ပီနံအိတ်နဲ့ ထုပ်ပြီး ကျန်တဲ့ရဲဘော်တွေရဲ့ အ လောင်းတွေကိုတော့ သဲအင်း ရွာနဲ့ ကြက်တူးရွေးရွာက နေအိမ်တွေ ထည့်ပြီး မီးရှို့နေတယ်၊ အခုထိ မီးရောင်တွေမြင်နေရတုန်းပဲ၊ ခွေး တွေလည်း မန္တလေးဘက်ကနေ ထပ်ဖြည့်ထားတယ်၊” ဟု SGU ဂဠုန်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို SGU ဂဠုန် ပြောက်ကျားတပ်ဖွဲ့၊ Bo Tiger – ဗိုလ်ကျားကြီး တပ်ဖွဲ့၊ ရဲရဲတောက် လူငယ်ပျောက်ကျားတပ်ဖွဲ့အပါအဝင် မဟာမိတ်ညီနောင်အဖွဲ့များပူးပေါင်းကားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် ပိတောက်ကုန်းရွာ၊ ကြက်တူရွေးရွာ၊ သဲအင်း ကျေးရွာ၊ အင်းရွာကြီးကျွန်းရွာတို့ မီးရှို့ဖျက်ဆီးခံရပြီး ကျန်အနီးအနားကျေးရွာများမှာလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက်စစ်သားများမှာ ထွက်ခွာသွားခြင်းမရှိသေးသဖြင့် ပြည်သူများမှာ လည်း ဝင်ရောက်နိုင်ခြင်းမရှိသေးသဖြင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ အသိရသေးကြောင်း SGU ဂဠုန် ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article