မြင်းခြံရှိ ခမရ ၁၅ တပ်ကို မင်းအောင်လှိုင် လာရောက်စဥ် ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ပေါက်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၁
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မြင်းခြံတပ်အတွင်းရောက်ရှိချိန် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မေလ ၃၁ ရက်နေ့နေ့လည် ၁၁ နာရီ ၄၅ မိနစ်ခန့်က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင် နှင့် ဒုခေါင်းဆောင် စိုးဝင်း တို့သည် မြင်းခြံမြို့ရှိ ခမရ ၁၅ တပ်အတွင်း ရဟတ်ယာဉ်ဖြင်ဆင်းကာ ယင်းမှတဆင့် မြင်းခြံမြို့ရှိ သံမဏိစက်ရုံ(NLD လက်ထက်က အရှုံးပေါ်သဖြင့် ပိတ်ထား)ကို ပြန်လည် ဖွင့်လှစ်ရန် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင် ခမရ ၁၅ တပ်အတွင်းရှိနေချိန် ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မန္တလေးဘက်နေ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကတည်းက စစ်ခွေးတွေမြို့ရဲ့အဝင်အထွက်တွေ တော် တော်များများရောက်လာပြီးတော့မှ မြို့ရဲ့အဝင်အထွက်တွေ၊ ပြီးလို့ရှိရင် နွားထိုးကြီး-မြင်းခြံလမ်း၊ ပြီး လို့ရှိရင် မြင်းခြံတောင်သာ၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းနဲ့ မြင်းခြံ-မြို့သာလမ်းတွေမှာ ပိတ်ပြီးတော့ ကင်းတွေဘာတွေချထားတာ အပြည့်ပဲ၊ မင်းအောင်လှိုင် ခမရ ၁၅ တပ်ထဲရှိနေတဲ့အချိန် ရုန်းနဲ့ ဗုံးကျဲ တာ၊ နောက်တန်းက တပ်ရင်းမှူးပါးရိုက်ပြီး ရဟတ်ယာဉ်နဲ့ ပြန်သွားတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါဗုံးကျဲတိုက်ခိုက်မှုကို Myingyan District Drone Strike ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ ၊ မြင်းခြံ ခရိုင် တပ်ရင်းအမှတ် ၃ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၄ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း ပေါက်မြို့နယ် ချောင်းနားရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်များ၊ ပျူစောထီးများနှင့် တော်လှန်ရေးအဖွဲ့ဝင်များ ချောင်းနားရွာ အရှေ့ဘက်တွင် မေလ ၃၀ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သားနှင့် ပျူစောထီး ၈ ဦးထက်မနည်း သေဆုံးကာ ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင် ကပဖနှင့်အတူ ပေါက်အခြေပြုတော်လှန်ရေးအင်အားစု ဗိုလ်တစေအဖွဲ ကျေးရွာကာကွယ်ရေးအဖွဲများ ၊ မြိုင်ဗိုလ်လက်ယာအဖွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စစ်ကောင်စီဝင်များနှင့် ပျူစောထီးများသည် မေလ ၃၀ ရက်နေ့တွင် ချောင်းနားရွာသို ဝင်ရောက်၍ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၁၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီဝင်များသည် သစ်ချိုကုန်းရွာအနီးမှ လက်နက်ကြီး လက်နက်ငယ်မျိုးစုံဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်းမြိုင် ပကဖထံမှ သိရှိရသည်။
မေလ ၃၁ ရက်နေ့တွင် သဲတော်ရွာနှင့် ကျစ်ခဲရွာများတွင် ညအိပ်ကာ အခြေပြုနေသော စစ်ကောင်စီဝင်များကို ကာကွယ်ရေးအဖွဲများက စခန်းပတ်ချာလည် ရေလကျစ်ခဲရွာအနီးတွင် မိုင်းသုံးလုံးဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် သေဆုံးနိုင်ပြီး ထမ်းစင်များနှင့် သယ်သွားသည်ကို တွေ့ရကြောင်း၊ ထမ်းစင်ဖြင့် လာသည့် စစ်ကောင်စီဝင်များကို ယနေ့ ဇွန် ၁ ရက်နေ့တွင် ပေါက်မြို့မှ စစ်ကောင်စီဝင်နှင် ပျူစောထီး ၅၀ ခန့် ထွက်ကြိုကာ ကင်းပုန်းဝပ်လျက်ရှိကြောင်း၊ အဆိုပါ စစ်ကောင်စီဝင်များသည် သရဖီကျေးရွာကို ထပ်မံမီးရှို့နေသည်ကို မီးခိုးများ တွေ့မြင်ရ ကြောင်း မြိုင်ပကဖမှ ပြောကြားသည်။