36 C
Yangon

ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ စတင်တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

Must read

ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ စတင်တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဇွန် ၄

ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗ.က.သများအဖွဲ့ချုပ်) စတင်တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဇွန် ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် တိုက်ပွဲဝင်ခွပ်ဒေါင်းအောင်လံတော်ကို အလေးပြုခြင်း ၊ ဗ.က.သများအဖွဲ့ချုပ်မှ ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း ၊ မဟာမိတ်အဖွဲ့အစည်းများမှ ပေးပို့သောသဝဏ်လွှာများ ဖတ်ကြားခြင်း ၊ မြို့နယ်အလုပ်အမှူဆောင်အဖွဲ့ မှ ကိုဟန်မင်းစိုး သည် ၂ နှစ်ပြည့်အထိမ်းအမှတ် မိန့်ခွန်းပြောကြားခြင်း ၊ မြို့နယ်အလုပ်အမှူဆောင်အဖွဲ့ မှ ရဲဘော်အချို့မှ အမှတ်တရစကားပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဥ်များဖြင့် ကျင်းပခဲ့ကြပြီးအခမ်းအနားပြီးဆုံးချိန်တွင် “အောင်ပွဲအဆက်ဆက်ခံအုံးမည်” သီချင်းဖြင့် အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article