နွားထိုးကြီး နှင့် ရေတာရှည် မြို့နယ်တို့တွင် ကြံ့ဖွတ်ပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇွန် ၇
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့တွင် ကြံ့ဖွတ်ပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ကုက္ကိုလ်ဇီးကျေးရွာ အုပ်ချုပ်ရေးမှုးလည်းဖြစ်၊ ကြံ့ဖွတ်ပါတီ၏ နွားထိုးကြီးမြို့နယ်ကော်မတီဝင်လည်းဖြစ်သူ ထွန်းနိုင်(ခ) ချစ်ပိုသည် ယာခင်းတွင် အလုပ်လုပ်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ဇွန်လ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ တခွဲကျဲ ကျေးရွာတွင် ရာအိမ်မှူး ကိုလေး ကို ဆိုင်ကယ်သမားတချို့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ တခွဲကျဲ ကျေးရွာတွင် ရာအိမ်မှူး ကိုလေး သေဆုံးနေစဉ်။