25.9 C
Yangon

ဒီးမော့ဆို၊ ကျောက်ဆည်ကန်နှင့် သေးဆူလဲတွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၊ လေကြောင်းမှ ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၇

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်၊ ကျောက်ဆည်ကန်ကျေးရွာနှင့် သေးဆူလဲကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ထိုးစစ်ဆင်လာမှုကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် ယနေ့ မတ်လ ၇ ရက် နံနက် ၆ နာရီမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက ဒီနေ့ မနက်အစောက စဖြစ်တယ်၊ စစ်ကောင်စီက ထိုးလာတာပေါ့၊ နှစ်ဖက် အကျအဆုံးတော့ မသိသေးဘူး။ သူတို့ သေတာများရင် လေကြောင်းက လာပစ်ပြီ၊ နေ့လယ် ၁၂ နာရီ မထိုးခင်က လေယာဉ်နဲ့ လာပစ်တယ်၊ ၈ ကြိမ်လောက်ရှိပြီ” ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၆ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ၊ ကျောက်ဆည်ကန်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-local PDF)၊ လွိုင်ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF) ၊ CTU နည်းပညာလက်ရုံးရေးတပ်၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး နှင့် အခြားတော်လှန်ရေးတပ်များပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ စစ်ကြောင်းမှူးအပါအဝင် ၅၀ ထက်မနည်းသေဆုံးကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကြည်းကြောင်း လေကြောင်း အင်အလားအလွန်အကျွံသုံးကာ ဖေဖေါ်ဝါရီလ ၁၅ ရက်မှ စတင်ပြီး မိုးဗြဲမှတဆင့် ဒီးမော့ဆိုမြို့ဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

ဓါတ်ပုံ – ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article