24 C
Yangon

UK၊ အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း၍ အာဏာသိမ်းစစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်နိုင်ရေးလက်တွဲလုပ်ဆောင်လျက်ရှိကြောင်း ယူကေအစိုးရက ပြော

Must read

UK၊ အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း၍ အာဏာသိမ်းစစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်နိုင်ရေးလက်တွဲလုပ်ဆောင်လျက်ရှိကြောင်း ယူကေအစိုးရက ပြော

ရန်ကုန်၊ ဇွန် ၁၁

မြန်မာနိုင်ငံမှ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး UK၊ အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း၍ လက်တွဲလုပ်ဆောင်လျက်ရှိကြောင်း ယူကေအစိုးရ၊နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Tariq Mahmood Ahmad က ပြောဆိုကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ဇွန်လတို့တွင် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေအစိုးရ၏ ဆောင်ရွက်နေမှုများကို မေးမြန်းသည့် မေးခွန်းများအပေါ် နိုင်ငံ ခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Tariq Mahmood Ahmad က ဖြေကြားစဉ် ထိုသို့ ပြောဆိုဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာမဟာမိတ်များနှင့် မည်သို့သော ဗျူဟာ ကျသည့် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်ကို သိရှိလိုပါကြောင်း ယူကေအထက်လွှတ်တော်အမတ် Hon. Mr. Marquess ၏ မေးခွန်းကို ယူကေအစိုးရ၊ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Tariq Mahmood Ahmad က ပြန်လည် ဖြေကြားစဉ် ထိုသို့ ပြောဆိုတုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

ယူကေအစိုးရအနေဖြင့် စစ်တပ်ခေါင်းဆောင်များ၊ ဝင်ငွေရလုပ်ငန်းများ၊ လက်နက်နှင့် စစ်ပစ္စည်းများအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပစ်မှတ်ထား ချမှတ်နိုင်ရန် အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိကြောင်း၊ ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ များပြားလာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြင့်လာခြင်းနှင့် အထူးသဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မှု ကြီးမားလာခြင်းများအပေါ် စိုးရိမ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆိုးရွားသည့် အခြေအနေများအပေါ် တုံ့ပြန်သည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်နိုင်ရန် မေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂ နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် အာဆီယံဘုံသဘောတူညီချက်ကို ပြည့်ပြည့်ဝဝ အကောင်အထည် ဖော် ဆောင်ရန်နှင့် အကြောင်းပြချက်မရှိ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုချက်များပါဝင်သည့် ကုသလမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ယူကေနိုင်ငံက ဦးဆောင်ခဲ့ကြောင်း ယူကေအစိုးရ၊ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Tariq Mahmood Ahmad ၏ အဖြေတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင် ကျူးလွန်ထားသော ဆိုးရွားသည့် အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိရမည်ဆိုတာ ယူကေနိုင်ငံက ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ စစ်တပ်က ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချပါတယ်။ ဒီကိစ္စတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာစင်မြင့်မှာ ဆက်လက်ပြီး ထုတ်ဖော်ပြောကြားနေမှာ ဖြစ်ပါတယ်” လို့ ယူကေအစိုးရ၊ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Tariq Mahmood Ahmad က ပြောဆိုဖြေကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article