34 C
Yangon

Breaking News- ကရင်နီပြည်နယ်ရှိ မယ်စဲ့မြို့နယ် မြို့မရဲစခန်း တော် လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြားလွန်း၍ တိုက်လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

Must read

Breaking News- ကရင်နီပြည်နယ်ရှိ မယ်စဲ့မြို့နယ် မြို့မရဲစခန်း တော် လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြားလွန်း၍ တိုက်လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

■ စစ်တပ်စခန်း ၄ ခုထက်မနည်းကို တိုက်ခိုက်နေ

ရန်ကုန်၊ ဇွန် ၁၃

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်လိုက် ပြီး မယ်စဲ့မြို့မ ရဲစခန်းမှူးအပါအဝင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကြောင်း ဒေသပြည်သူများက ပြောသည်။

ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၄ နာရီ မိနစ် ၅၀ ခန့်က မယ့်စဲ့မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စခန်းကို တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ် ခွာသွားပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်တစ်စီးဖြင့် ပျံဝဲ ကာ ပစ်ခတ်နေပြီး၊ အကြမ်းဖက်စစ်တပ် လက်နက်ကြီးကုန်းမှလည်း မြို့ တွင်းသို့ လက်နက်ကြီးဖြင့် ထု နေ သည်မှာ အချက် ၃၀ ကျော်ရှိပြီဖြစ်ကြောင်း၊ စစ်တပ်က မယ့်စဲ မြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

“အခြေအနေကတော့ အခု ဟတ်စကီးတွေနဲ့လာဝဲနေပြီ၊ ရဲစခန်းလည်း ကျသွားပြီ၊ရဲစခန်းမှူးလည်း ကျသွားပြီလို့ ကြား တယ်၊ တိတိကျကျ အဖြေတော့ မသိရသေးဘူးပေါ့၊ စခန်းကို သိမ်းပိုက်ပြီးတော့ လက်နက်ခဲယမ်းတွေ ရသွားပြီဆိုတော့ တော်လှန်ရေးအဖွဲ့တွေက နောက်ပြန်ဆုတ်သွားပြီ၊ စစ်တပ်က တောင်ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတာ၊ လက်နက်ကြီးနဲ့ပစ်တာရော၊ ဟတ်စကီးနဲ့ ပစ်တာရောရှိတယ်၊ ကျန် တာတော့မရှိတော့ဘူး၊ လက်နက်ကြီးနဲ့ထုနေတာ အလုံး ၃၀ ကျော်လောက်ရှိသွားပြီ၊ ပြည်သူတွေက တော့ အိမ်အောက်ပုန်းတဲ့သူနဲ့၊ ကျင်းထဲမှာပုန်းတဲ့သူနဲ့ ပရမ်းပတာဖြစ်နေတာ” ဟု ဒေသနေပြည်သူ တစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ကရင်နီပြည်နယ်ရှိ မယ့်စဲမြို့အရှေ့ဘက် စစ်တပ်ကုန်းတစ်ခုကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က စစ်တပ်စခခန်းကုန်း နေရာများကို ဝိုင်းဝန်းထားပြီး ရဟတ် ယာဉ်ဖြင့် လာရောက်ပါက တိုက်ပွဲငြိမ်သက်သွားကာ ရဟတ် ယာဉ်ပြန်ဆုတ်သွားပါက ထပ်မံတိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ထို့ပြင် ကရင်နီပြည်နယ်၊ သံလွင်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် တောင်လ စခန်း၊ မယ်တနွယ်၊ BP-14 စခန်းကုန်းများတွင်လည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က အထိနာသဖြင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ် ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ Su-30 တိုက်လေယာဉ်တချို့ ယနေ့ ကရင်နီပြည်နယ်ဘက်သို့ ပျံတက်သွားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article