27 C
Yangon

သရက်ချောင်းမြို့နယ် ကျွဲမင်းကုန်းရွာနှင့်ကနက်သီရိကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး သက်ကြီးရွယ်အိုများကို ရိုက်နှက်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိ ပစ္စည်းများ လုယူ

Must read

သရက်ချောင်းမြို့နယ် ကျွဲမင်းကုန်းရွာနှင့်ကနက်သီရိကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး သက်ကြီးရွယ်အိုများကို ရိုက်နှက်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိ ပစ္စည်းများ လုယူ

ရန်ကုန်၊ ဇွန် ၁၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာနှင့် ကနက်သရီကျေးရွာတို့ကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး သက်ကြီးရွယ်အိုများကို ရိုက်နှက်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် တန်ဖိုးရှိပစ္စည်းများကို လုယက်ခိုးယူခြင်းများ လုပ်ဆောင်သွားခဲ့ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၆ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်များက သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ကနက်သီရိ ကျေးရွာ မရောက်မီ ကျွဲမင်းကုန်းကျေးရွာအနီးတွင် ကြိုတင်စောင့်ဆိုင်းနေသော ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားကြောင်း ၊ ဇွန်လ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေ့စဉ် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်က ကျွဲမင်းကုန်းကျေးရွာ အတွင်းသို့ ဝင်ရောက်‌ပြီး ပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်းများ လုပ်ဆောင်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် သက်ကြီးရွယ်အိုများကိုလည်း ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

“ကျွဲမင်းကုန်းကျေးရွာထဲမှာ တစ်ညအိပ်သွားတယ်။ ရွာကို ဖျက်ဆီးတာက ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ ။ သက်ကြီးရွယ်အိုတွေကိုတော့ ရိုက်နှက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာမှ အိမ်ခြေ ၄ လုံး၊ ရငဲကျေးရွာမှ အိမ်ခြေများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article