34 C
Yangon

ဖြူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ဖြူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

■ သရက်ချောင်းတွင်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၃

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြသည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၅ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က ငါးမြစ်ချင်းရွာကို အင်အား ၄၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် KNU တပ်မဟာ ၃ နှင့် PDF တပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဘုရားလဟာရွာတွင် အကြမ်းဖက် စစ်တပ်က ဇွန်လ ၇ ရက်က စတင်ကာ တပ်စွဲထားပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ရွာအထွက်တို့တွင် တပ်ထိုင်ပြီး ဘုရားလဟာရွာ အရှေ့ဘက် ငါးမြစ်ချင်းရွာကို နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ငါးမြစ်ချင်းရွာ၊ ရွာမကြီးရွာ၊ ဘုရားလဟာရွာ၊ ရေတွင်းကုန်းရွာနှင့် ဇဟားရွာတို့မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ငါးမြစ်ချင်းရွာသည် အိမ်ခြေ ၄၅၀ ရှိသော ကျေးရွာဖြစ်ပြီး စစ်တပ်က ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ ငါးမြစ်ချင်းရွာမှ ကညွတ်ကွင်းမြို့ကို ဈေးလာဝယ်သည့် သူများကိုလည်း စစ်တပ်က မိုးရွာထဲ၌ ထိုင်ခိုင်းပြီး မှတ်ပုံတင်များ စစ်ဆေးကြောင်း၊ ငါးမြစ်ချင်း၊ ရွာမကြီးရွာ ဘက်မှ လာသည့် သူများကို စစ်သားများက ပါးရိုက်ပြီး PDF တပ်ဖွဲ့များ အကြောင်းကို မေးမြန်းပြီး မသိရှိကြောင်း ပြောဆိုသူများကို ပါးရိုက်ကာ မိုးရွာထဲ၌ ထိုင်ထ အကြိမ် ၅၀ ပြုလုပ်ခိုင်းကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလျက်ရှိပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ဇွန်လ ၁၃ ရက်နေ့တွင် နံနက်ပိုင်းတွင် ရငဲရွာဝင် လမ်းဆုံအရှေ့ဘက်ရှိ မြွေတောင်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲထပ်မံဖြစ်ပွားလျက်ရှိ​ပြီး ရငဲရွာမှ ပြည်သူများ ထွက်​ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

“ရငဲမြွေတောင် အနီး တိုက်ပွဲပြင်းထန်နေတယ်။ မင်းဒပ်ရွာမှာ ရှိတဲ့ စစ်ခွေးတွေ ရငဲရွာဘက်ကို ပုံမှန်လမ်းအတိုင်းဆင်းလာနေပြီး စစ်ခွေးအများစုမှာ တောလမ်းအတိုင်းဆင်လာနေ​တယ်လို့ သိရတယ်။ ပြည်သူတွေတော့ ထပ်ပြီးပြေးနေရပြီ” ဟု ပြည်သူတစ်ဦးက​ပြောဆိုသည်။

Photo – သရက်ချောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်း ရွာထဲဝင်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article