33 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီး စက်လှေဆိပ်ရှိ တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီး စက်လှေဆိပ်ရှိ တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး စက်လှေဆိပ်ရှိ တဲများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးကမ်းနား စက်လှေဆိပ်ရှိ တဲများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်​ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၉ ရက်နေ့မှစ၍ ညောင်ပင်ကြီး ကျေးရွာအုပ်စုရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” ညောင်ပင်ကြီး စက်လှေဆိပ်မှာရှိတဲ့ တဲတွေကို စစ်ခွေးတွေ မီးရှို့နေတာပါ။ စစ်ခွေးတွေက ညောင်ပင်ကြီးမှာ တပ်စွဲထားပြီး စိတ်ကြိုက်မွှေနှောက် ဖျက်ဆီးနေတာ” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ပြည်သူများသည် အကြမ်းဖက် စစ်တပ် ဝင်ရောက် တပ်စွဲထားသည့် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရသည်။

Photo – အညာပစ်တိုင်းထောင်လေးများ အဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article